【 နိုင်ငံတကာ 】စီးပွားရေးအကျပ်အတည်းနဲ့ အမေရိကန် ရင်ဆိုင်လာနိုင်ချေများနေဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း သတိပေး

【 နိုင်ငံတကာ 】စီးပွားရေးအကျပ်အတည်းနဲ့ အမေရိကန် ရင်ဆိုင်လာနိုင်ချေများနေဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း သတိပေး

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ယောက်ဖြစ်တဲ့ လယ်ရီဆားမား၏ ပြောဆိုချက်အရ အမေရိကန်ဟာ စီးပွားရေးအကျပ်အတည်းထဲကို ဝင်ရောက်နေပြီဖြစ်ကြောင်းဆိုပြီး ဒါဟာ မတည်ငြိမ်သော စီးပွားရေး၏ အကျိုးအဆက်များဖြစ်ကြောင်း သူကတော့ ပြောပါတယ်။
“သမိုင်းအတွေ့အကြုံကို ကြည့်ခြင်းအားဖြင့် ဒီလို မြင့်မားသော ငွေကြေးဖောင်းပွမှုဟာ သာမန်အခြေအနေကို နောက်ဆက်တွဲပြဿနာမရှိပဲ ပြန်ရောက်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ ရည်ညွှန်းအဆင့်ဖြစ်တဲ့ ၂ ရာခိုင်နှုန်းဟာ စီးပွားရေးအကျပ်အတည်းမဖြစ်ပဲ အဆုံးသတ်လို့မရဘူး” ဟု သူက ပြောပါတယ်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးဟာ သတိပေးလက္ခဏာကို လအတန်ကြာ ပြသနေပြီဖြစ်ပါတယ်။ စတော့နှင့် ငွေတိုက်စာချုပ်များဟာလည်း ထိုးကျနေသော အခြေအနေတွင်သာရှိပြီး ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ စျေးကွက်ဟာ ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်သည်အထိ တည်ငြိမ်လာရန် မရှိကြောင်း ဆိုပါတယ်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးကတော့ ယခုနှစ် ဒုတိယမြောက် ၃ လပတ်တွင် ၀.၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း Bureau of Economics Analysis ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
တချို့သော စီးပွားရေး ပညာရှင်များနှင့် မူဝါဒရေးဆွဲသူများကတော့ လာမယ့် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်လာလိမ့်မယ်ဟု ခန့်မှန်းနေကြပြီး အလုပ်အကိုင်ရရှိမှု၊ စားသုံးသူများ၏ အသုံးစရိတ်နှင့် ကုန်ထုတ်လုပ်မှုများကလည်း မြင့်တက်လာလိမ့်မယ်ဟု ခန့်မှန်းနေကြပါတယ်။ ပြီးခဲ့တဲ့လတွင် ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ ဂျေရုမ်းပါဝေလ်း၏ ငြင်းဆန်မှုတွင် စီးပွားရေး အကျပ်အတည်းကို မဖြစ်ပေါ်စေရန် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နေကြောင်း ဆိုပါတယ်။ သို့သော်လည်း ပါဝေလ်းကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် အခြားရွေးချယ်စရာတော့ နည်းပါးသွားကြောင်းကိုတော့ သူဝန်ခံထားပါတယ်။
 
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ OPEC+ ဟာ ရေနံထုတ်လုပ်မှုကို ကြီးမားစွာ လျှော့ချရန် ဆုံးဖြတ်ခဲ့သောကြောင့် ဒါဟာလည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးကို ခြိမ်းခြောက်လာသော ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ “OPEC+ ဆီက ရတဲ့ သတင်းဟာ သတင်းကောင်းမဟုတ်ဘူး။ ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ပိုပြီးကြီးမားစေတယ်။ ထို့ကြောင့် စီးပွားရေးကျဆင်းမှု အန္တရာယ်ကိုလည်း ကြီးထွားလာစေတယ်။” ဟု ပါဝေလ်းက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရေနံစိမ်းအဓိက ထုတ်လုပ်သော နိုင်ငံများဖြစ်တဲ့ ဆော်ဒီအာရေးဗျ နှင့် ရုရှားတို့ကလည်း ရေနံထုတ်လုပ်မှုကိုလျှော့ချမည်ဟု ထုတ်ပြန်ထားပြီး တစ်နေ့ကို ရေနံ အစည်ပေါင်း ၂ သန်းသာ ထုတ်တော့မည်ဟု ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံး လျှော့ချမှုဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာနေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံအတွက် ဓာတ်ဆီစျေးနှုန်း မြင့်တက်လာစေနိုင်ပါတယ်။
ခုလို OPEC+ ၏ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်ကတော့ ဒါဟာ အမြင်ကျဉ်းမြောင်း နေခြင်းဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေနည်းပါးသောသူများနှင့် ဝင်ငွေအလယ်အလတ်ရှိသောသူများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ဆိုပါတယ်။
 
Linko
 
Ref:CNN