【 နိုင်ငံတကာ 】တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye က သီးသန့်အင်တာဗျူးဖြေကြား

【 နိုင်ငံတကာ 】တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye က သီးသန့်အင်တာဗျူးဖြေကြား

မကြာသေးမီက ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း “Leaders Talk” အစီအစဉ်ရဲ့ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြားခဲ့တယ်လို့ China Media Group သတင်းမှာ ဩဂုတ် ၂၇ရက်က ဖော်ပြခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရန်၊ တရုတ်ဝိသေသလက္ခဏာများကို လေ့လာရန်၊ ဘူရွန်ဒီ နိုင်ငံသို့ ပြန်သွားပြီးနောက် မိမိနိုင်ငံရဲ့ ဝိသေသလက္ခဏာများပါဝင်တဲ့ မူဝါဒများကို ချမှတ်ရန် ဆန္ဒရှိတယ်လို့ သူကပြောပါတယ်။

“တရုတ်နိုင်ငံမှာ အသစ်အဆန်းတွေ တွေ့ရတိုင်း ကျွန်တော်အမြဲတမ်း စွဲမြဲစွာ အမှတ်ရနေခဲ့တယ်။ ကျွန်တော် တရုတ်နိုင်ငံကိုရောက်တိုင်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိခဲ့ပြီး ဒီထဲကနေ လမ်းစတွေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒါဟာ အရမ်းကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆုံးဖြတ်ချက်ချသူတစ်ယောက်အနေနဲ့ ရောက်လာလို့ပါပဲ။ ဘူရွန်ဒီနိုင်ငံကို ၂၀၄၀ ပြည့်နှစ်မှာ ထွန်းသစ်စနိုင်ငံ ဖြစ်လာရန်၊ ၂၀၆၀ ပြည့်နှစ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာရန် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီမျှော်မှန်းချက်ဟာလည်း အကောင်အထည်ဖော်နိုင်ဖွယ်ရှိပါတယ်”လို့ Evariste Ndayishimiye က ပြောပါတယ်။

Evariste Ndayishimiye က ဆက်ပြီး “ကျွန်တော်တို့မှာ အေးအတူပူအမျှနေထိုင်တဲ့ "all-weather friend" တစ် ယောက်ရှိတယ်ဆိုရင် ဒါဟာ တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံဟာ အမြဲတမ်း အရေးကြီးဆုံးအချိန်မှာ ပထမဆုံး ထွက်ပေါ် လာလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ ပိုမိုခိုင်မာလာမယ်လို့ ကျွန်တော်တို့ ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ညီအစ်ကိုတွေ ဖြစ်ကြပြီး အမြဲတမ်း အတူတကွ ရှိနေမှာ မလို့ပါပဲ။ ကျွန်တော် စွဲစွဲ မြဲမြဲအမှတ်ရနေတဲ့ အရာတစ်ခုကတော့ တရုတ်ခေါင်းဆောင်ပြောခဲ့တဲ့ “ငါးပေးတာထက် ငါးဖမ်းနည်းသင်ပေးတာက ပိုကောင်းတယ်” ဆိုတဲ့စကားပါပဲ”လို့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ပေကျင်း ၊ ဩဂုတ် ၂၇