【 နိုင်ငံတကာ 】တရုတ်- ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ပူးပေါင်းထုတ်လုပ်ရေးစီမံကိန်းထုတ်ပြန်ခဲ့

【 နိုင်ငံတကာ 】တရုတ်- ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်သည့်  နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ်  ရုပ်ရှင်ပူးပေါင်းထုတ်လုပ်ရေးစီမံကိန်းထုတ်ပြန်ခဲ့

တရုတ်သမ္မတ ရှီကျင့်ဖျင်  နှင့်  ပြင်သစ်သမ္မတ မက်ခရွန် တို့ ထိပ်သီးတွေ့ဆုံပွဲအတွင်း ရရှိခဲ့သော သဘောတူညီမှုကို အကောင်အထည်ဖော်သအနေဖြင့် အောက်တိုဘာလ ၂၄ ရက်က  " စိတ်တူကိုယ်တူ အနာဂတ်ဆီသို့ တရုတ်- ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၆၀ ပြည် အထိမ်းအမှတ် ရုပ်ရှင်ပူးပေါင်းထုတ်လုပ်ရေးစီမံကိန်း” ဖွင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ရာ  China Media Group (CMG) မီဒီယာက ပြင်သစ်နိုင်ငံ၏ ပင်မမီဒီယာရုပ်သံလိုင်းအဖွဲ့အစည်းများနှင့် ရုပ်ရှင်ပူးပေါင်းထုတ်လုပ်ရေးစီမံကိန်းများကို တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ 
 
အခမ်းအနားတွင် တရုတ်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group (CMG) မီဒီယာဒါရိုက်တာ စန့်ဟိုင်ရှုံ (Shen Haixiong) က အခမ်းအနားတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ရာမှာ  ၅၉ နှစ်အတွင်း တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အစရှိသော နယ်ပယ်များ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ခိုင်မာလာခဲ့ကြောင်း ပြောခဲ့ပါတယ်။ 
 
စန့်ဟိုင်ရှုံက ယခုနှစ် ဧပြီလတွင် သမ္မတ ရှီကျင့်ဖျင်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့  တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ခေတ်သစ် တရုတ်-ပြင်သစ် ဆက်ဆံရေးအတွက် ထွန်းလင်းတောက်ပသော အနာဂတ်အလားအလာသစ်များ ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရုတ်-ပြင်သစ် နှစ်နိုင်ငံပြည်သူများ ချစ်ကြည် ရင်းနှီးခဲ့သော နှစ်ကာလထဲမှာ သတင်းမီဒီယာက ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဆက်ဆံဖလှယ်မှု တိုးမြှင့်ရေး၊ ခေတ်အခါ မှတ်တမ်းတင်ခြင်း စသော အရေးပါသောကဏ္ဍများမှာ အမြဲပါဝင်ခဲ့ပါတယ်။ သည်ကနေ့မှာတော့ China Media Group (CMG) မီဒီယာ နှင့် ပြင်သစ်နိုင်ငံ TF1 Group အစရှိသော သတင်းမီဒီယာဌာနနှင့် အဖွဲ့အစည်းများက ရုပ်သံပူးပေါင်းထုတ်လုပ်ရေးစီမံကိန်းများကို အတူတကွ စတင်ခဲ့ကြပါတယ်။ တရုတ်-ပြင်သစ် ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေး ပြောင်းလဲမှုများကြောင့် ပိုမိုခိုင်မြဲပြီး ရေရှည်တည်တံ့လာပုံ၊ တရုတ်-ပြင်သစ် ယဉ်ကျေးမှုသည် ပင်လယ်ရပ်ခြားပေမဲ့ မိုင်ပေါင်း ထောင်ချီ လာရောက်ဆုံတွေ့ကြသော ကြည်နူးဖွယ်ရာ မြင်ကွင်းများကို ကြည့်ရှုသူပရိတ်သတ်များအား အပြည့်အဝ ထုတ်ဖော်ပြသခဲ့ပါတယ်။ ယင်းလက်ရာကောင်းများဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုခိုင်မာသော ရင်းနှီးသိကျွမ်းမှု ပေါင်းကူးတံတား တည်ဆောက်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တရုတ်-ပြင်သစ် နှစ်နိုင်ငံပြည်သူဟာ စိတ်သဘောထားချင်းဆက်နွယ်ပြီး ရင်းနှီးချစ်ခင်စွာ အပြန်အလှန်ကူညီနေကြတယ်လို့  ပြောကြားခဲ့ပါတယ်။ 
 
၂၀၂၄ ခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်း၏အရေးပါသော နှစ်တစ်နှစ် ဖြစ်လာမှာ ဖြစ်ပြီး China Media Group (CMG) မီဒီယာမှ တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့ နှင့် ပဲရစ်-အိုလံပစ်ပွဲတော်ကို အကြောင်းပြုကာ ပြင်သစ်နိုင်ငံ မီဒီယာအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းထုတ်လွှင့်မှု၊ သတင်းဖလှယ်ရေး၊ အိုလံပစ်ပြိုင်ပွဲအစီအစဉ် တစ်ဆင့်ထုတ်လွှင့်မှု၊ ယဉ်ကျေးမှုဖလှယ်ရေး အစရှိသော ကဏ္ဍများရဲ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်သွားမှာ ဖြစ်ပါတယ်။ ခေတ်သစ် တရုတ်-ပြင်သစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား ထွန်းလင်းတောက်ပသော အခိုက်အတန့်များ ပိုမိုများပြားလာအောင် ဖန်တီးတည်ဆောက်ပေးပြီး တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မြဲ တည်တံ့စေရန် ကြီးမားသော ပေးဆပ်ဆောင်ရွက်မှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းဌာနဖော်ပြခဲ့ပါတယ်။
 
ပဲရစ်၊ အောက်တိုဘာ ၂၅