【 နိုင်ငံတကာ 】တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲမှာ သမ္မတရှီက “တွေးခေါ်မှုစွမ်းအား”ကို ရှင်းပြခဲ့

【 နိုင်ငံတကာ 】တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲမှာ သမ္မတရှီက “တွေးခေါ်မှုစွမ်းအား”ကို ရှင်းပြခဲ့

တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲကို ဩဂုတ်လ၂၄ရက်နေ့ညက ကျင်းပခဲ့ရာမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တောင်အာဖရိကနိုင်ငံသမ္မတ ရမ်ဖိုဆာတို့ ပူးတွဲကျင်းပခဲ့ကြောင်း China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 
 
ဒီဆွေးနွေးပွဲမှာသမ္မတ ရှီကျင့်ဖျင် က “ခေတ်မီတိုးတက်ရေးလုပ်ငန်းကို အတူလက်တွဲမြှင့်တင်၍ တရုတ်-အာဖရိကရဲ့သာယာလှပသောအနာ ဂတ်ကို အတူတကွဖန်တီးရေး” ခေါင်းစဉ်နဲ့ အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး အာဖရိကတိုက်ရဲ့ခေတ်မီတိုးတက်ရေးက ဘယ်လိုပုံစံလဲ၊ အနာဂတ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံကို ဘယ်လိုရေးဆွဲမလဲဆိုတာနဲ့ ပတ်သက်ပြီး “တွေးခေါ်မှုစွမ်းအား” က ရှင်းလင်းတင်ပြပေး ခဲ့ပါတယ်။
ယနေ့ကမ္ဘာကြီးဟာအပြောင်းအလဲ၊ ရှုပ်ထွေးမှုများနဲ့ ပြည့်နှက်နေပြီးဖွံ့ဖြိုးတိုးတက်မှုအားနည်းခြင်း၊ လုံခြုံရေးအကျပ်အတည်း၊ ယဉ်ကျေးမှုထိပ်တိုက်တွေ့မှုစတဲ့ ခေတ်ရဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံနဲ့ အာဖရိကတိုက်ဟာ ခေတ်မီတိုးတက်ရေးကို သက်ဝင်လှုပ်ရှားစွာလက်တွေ့ဆောင်ရွက်နိုင်ရန် စူးစမ်းလေ့လာခြင်းဖြင့် ခေတ်ရဲ့မေးခွန်းတွေကို ဖြေကြားနေကြပါတယ်။ 
 
“တရုတ်အသွင်ပုံစံခေတ်မီမှု” ဟာ အနောက်တိုင်းရဲ့ ခေတ်မီမှုနဲ့ ကွဲပြားပြီးလူဦးရေ ၁.၄ ဘီလီယံရှိတဲ့ တရုတ်လူမျိုးတို့ အတူတကွချမ်းသာကြွယ်ဝတဲ့ ပမာဏကြီးမားတဲ့ ခေတ်မီမှုဖြစ်ကြောင်း၊ လူနဲ့ သဘာဝတရားသဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်တဲ့ ခေတ်မီမှုဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတို့ ညှိနှိုင်းပေါင်းစပ်တဲ့ ခေတ်မီမှုဖြစ်ကြောင်းသမ္မတXi Jinping ကမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
အာဖရိကသမဂ္ဂကလည်း “၂၀၆၃ ခုနှစ် အစီအစဉ်” ကိုရေးဆွဲခဲ့ပြီးငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု၊ စည်ပင်ဝပြောမှု၊ ကိုယ်တိုင်အားကောင်းမှုတို့နဲ့ပြည့်စုံတဲ့ အာဖရိကသစ်ကို အစွမ်းကုန်တည်ဆောက်နေပါတယ်။ ခေတ်မီတိုးတက်ရေးအတွက် တရုတ်နဲ့ အာဖရိကရဲ့ ဘုံလိုလားချက်များနဲ့ မျှော်မှန်းချက်များအပေါ် အခြေခံပြီးသမ္မတXi Jinping က တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲမှာ“ခေတ်မီတိုးတက်ရေးအတွက် လျှောက်လှမ်းတဲ့ လမ်းကြောင်းများပြားစုံလင်ကြောင်း၊ ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းက အာဖရိကတိုက်နဲ့ အသင့်တော်ဆုံးလဲဆိုတာနဲ့ပတ်သက်ပြီး အာဖရိကပြည်သူတွေမှာ ထုတ်ဖော်ပြောဆိုခွင့် အရှိဆုံးဖြစ်ကြောင်း၊ တပြေးညီ ဖြစ်မှုကို မြှင့်တင်ခြင်းဟာ အာဖရိကနိုင်ငံများနဲ့ ပြည်သူများ ကိုယ်ပိုင် ရွေးချယ်တဲ့ ခေတ်မီတိုးတက်ရေးလမ်းကြောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံကအမြဲတစေ အခိုင်အမာထောက်ခံအားပေးကြောင်း” ပြောကြားခဲ့ပါတယ်။
 
 ဂျိုဟန်နစ္စဘတ်ချ်၊ ဩဂုတ် ၂၅