【 နိုင်ငံတကာ 】ရှီကျင့်ဖိန်နဲ့ တွေ့ဆုံခြင်း၊ ဒါဟာ အံ့မခန်းအောင်မြင်မှုတစ်ခုပါ

【 နိုင်ငံတကာ 】ရှီကျင့်ဖိန်နဲ့ တွေ့ဆုံခြင်း၊ ဒါဟာ အံ့မခန်းအောင်မြင်မှုတစ်ခုပါ

ဩစတြေးလျနိုင်ငံမှ တရုတ်ရေးရာပညာရှင် Colin Mackerras ဟာ နှစ်ပေါင်း၆၀ နီးပါးအတွင်း တရုတ်နိုင်ငံကို အကြိမ် ပေါင်း ဆယ်နဲ့ချီ လာရောက်ခဲ့ပါတယ်။ သူဟာ မြင်တွေ့ကြားသိရတဲ့အရာတွေကို မျှဝေပြီး စစ်မှန်တဲ့ တရုတ်နိုင်ငံအကြောင်း ကမ္ဘာကြီးထံ မိတ်ဆက်ပေးခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ Colin Mackerras ဟာ ဩစတြေးလျနိုင်ငံကို လာရောက်လည်ပတ်တဲ့ သမ္မတ ရှီကျင့်ဖိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖိန်က “ပါမောက္ခ Colin Mackerras သည် တရုတ်နိုင်ငံရဲ့ အခြေအနေမှန်ကို ဖော်ထုတ်ပြောကြားပြီး နှစ်နိုင်ငံပြည်သူတွေ အပြန်အလှန်နားလည်ပြီး ခင်မင်ရင်းနှီးဖို့အတွက် ပေါင်းကူးတံတား တည်ဆောက်ပေးတယ်” လို့ ပြောကြားပါတယ်။
တရုတ်နိုင်ငံတစ်ဝှမ်းလုံးနီးပါးကို လည်ပတ်ခဲ့ဖူးတဲ့ Colin Mackerras ဟာ ရှီကျင့်ဖိန် ငယ်စဉ်က ကျေးလက်ဆင်းပြီးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့နေရာကိုလည်း ရောက်ဖူးပါတယ်။
“ကျွန်တော် ရန်အန်းကို နှစ်ကြိမ် သွားဖူးတယ်။ ၁၉၆၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ တစ်ကြိမ်ပါ။ ရန်အန်းပြည်သူတွေရဲ့ ဘဝတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ယခင်ကထက် ယုံကြည်မှုတွေရှိလာတယ် ပိုပြီးပျော်ရွှင်လာတယ်။ အလွန်အမင်းဆင်းရဲခြင်းကို တိုက်ဖျက်ခြင်းဟာ အံ့မခန်း အောင်မြင်မှု တစ်ရပ်လို့ ကျွန်တော် ထင်ပါတယ်။
ဒါဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြောင့် ဖြစ်ပါတယ်။ ဒါအတွက် သမ္မတ ရှီကျင့်ဖိန် က အများကြီး ကြိုးပမ်းအားထုတ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ သူက ပြောပါတယ်။
 
 
ပေကျင်း၊ စက်တင်ဘာ ၁၂