【 နိုင်ငံတကာ 】ရှီကျင့်ဖိန်နှင့် တွေ့ဆုံခြင်း၊ ကျွန်တော်က ယနေ့တရုတ်နိုင်ငံအ‌ကြောင်းကိုနားလည်နေတယ်

【 နိုင်ငံတကာ 】ရှီကျင့်ဖိန်နှင့် တွေ့ဆုံခြင်း၊ ကျွန်တော်က ယနေ့တရုတ်နိုင်ငံအ‌ကြောင်းကိုနားလည်နေတယ် 

Joseph Olivier Mendo'oဟာကင်မရွန်းနိုင်ငံသားဖြစ်ပြီးပီကင်းတက္ကသိုလ်မှ ပညာတော်သင်ကျောင်းသားဖြစ်ပါတယ်။
သူဟာသမ္မတရှီကျင့်ဖိန်ထံပေးစာနှစ်စောင်မှာ ပါဝင်ရေးသားခဲ့ပြီးမကြာမီမှာပဲအကြောင်းပြန်စာရရှိခဲ့ပါတယ်။
ဒီစာထဲမှာသူ့ကိုအမှတ်ရနေစေတာကတော့ သမ္မတရှီကျင့်ဖိန်ပြောတဲ့ “ယနေ့တရုတ်နိုင်ငံကိုနားလည်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီအကြောင်းနားလည်ဖို့လိုပါတယ်။
အကြိမ်တစ်ရာကြားရတာထက် တစ်ကြိမ်ကိုယ်တိုင်မြင်တွေ့ရတာကပိုပြီးထိရောက်ပါတယ်ဆိုပြီး တရုတ်ဆိုရိုးစကားတစ်ခု ရှိပါတယ်။ စစ်မှန်တဲ့ တရုတ်နိုင်ငံကိုပိုမိုနက်ရှိုင်းစွာနားလည်သဘောပေါက်စေဖို့ တရုတ်နိုင်ငံ တစ်ဝှမ်းကိုပိုမိုသွားရောက်လည်ပတ်ရန် ကြိုဆိုပါတယ်။” ဆိုတဲ့စကားပဲဖြစ်ပါတယ်။
ဒီနှစ်ပိုင်းမှာJoseph Olivier Mendo'oဟာတရုတ်နိုင်ငံရဲ့ နေရာအများအပြားကို ခရီးထွက်ခဲ့ပါတယ်။ သူဟာသမ္မတရှီကျင့်ဖိန် ရောက်ခဲ့ဖူးတဲ့ ကျန်းရှီးပြည်နယ်ရှိ ရှန်စန်းကျေးရွာကိုလည်းအထူးတလည် သွားရောက်ခဲ့ပါသေးတယ်။ ဒီရွာလေးမှာ လမ်းတွေပေါက်၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းတွေရှိနေပြီးဆင်းရဲမှုမှ လွတ်မြောက်ခဲ့တာ ကိုသူကိုယ်တိုင်တွေ့မြင်ခဲ့ပါတယ်။
“ကျွန်တော်ကသမ္မတရှီကျင့်ဖိန်ရဲ့ နိုင်ငံစီမံအုပ်ချုပ်မှုကိုအရမ်းစိတ်ဝင်စားပါတယ်။ အထူးသဖြင့် ထိမိတိကျစွာဆင်းရဲမှုတိုက်ဖျက်ရေးကိုစိတ်ဝင်စားပါတယ်။ တရုတ်နိုင်ငံက ဘာကြောင့် ဒါကိုလုပ်နိုင်တာလဲ၊ အာဖရိကကရောဘယ်လိုလုပ်နိုင်မလဲ၊ လက်ရှိအာဖရိကမှာ ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်ကသမ္မတရှီကျင့်ဖိန်ရဲ့ ထိမိတိကျတဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးကိုအထူးလာရောက်လေ့လာနေတာပါ။ ဒါကို ဘယ်လို ဆောင်ရွက်တာလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်” လို့ Joseph Olivier Mendo'o က ပြောပါတယ်။
 
ပေကျင်း၊ဩဂုတ် ၂၈