【 နိုင်ငံတကာ 】အာရှအားကစား ချစ်ကြည်ရေးတေးသီချင်းကို အာရှနိုင်ငံ ၅ နိုင်ငံက စောင်းတူရိယာဖြင့် တီးခတ်

【 နိုင်ငံတကာ 】အာရှအားကစား ချစ်ကြည်ရေးတေးသီချင်းကို အာရှနိုင်ငံ ၅ နိုင်ငံက  စောင်းတူရိယာဖြင့် တီးခတ် 

စောင်းတူရိယာဟာ တရုတ်ရိုးရာ ဂီတတူရိယာဖြစ်ပြီး ဟန်မင်းဆက် ထန်မင်းဆက် ခေတ်များမှာ ပိုးလမ်းမကြီးမှတစ်ဆင့် နိုင်ငံအတော်များများကို ပြန့်နှံ့ရောက်ရှိသွားခဲ့တယ်။
အချိန်ကာလပြောင်းလဲလာတာနဲ့အမျှ နိုင်ငံအသီးသီးက ကိုယ့်လူမျိုး ဝိသေသလက္ခဏာ ရှိတဲ့ စောင်းတူရိယာအဖြစ် ပြောင်းလဲလာခဲ့တယ်။
ဟန်ကျိုး-အာရှအားကစားပွဲတော် ကာလမှာ China Media Group ရုပ်သံဌာနမှ ထုတ်လုပ်သော အာရှအားကစားပွဲတော် သီချင်း (Heart to Heart) သီချင်းဗွီဒီယိုမှာ တရုတ်စောင်း၊ ဂျပန်စောင်း၊ တောင်ကိုရီးယား စောင်း၊ မွန်ဂိုနိုင်ငံစောင်းနဲ့ ဗီယက်နမ်စောင်းတို့ကို ပထမဆုံးအကြိမ် စုစည်းကာ ဖျော်ဖြေခဲ့ကြောင်း China Media Group မှ (Heart to Heart) သီချင်းဗွီဒီယို ထုတ်ပြန်ခြင်းမှာ တွေ့ရပါတယ်။
 
အဆိုပါ၅ နိုင်ငံမှ  စောင်းပညာရှင်များက တေးဂီတဖြင့် အာရှအားကစား ချစ်ကြည်ရေးစာမျက်နှာ ကို တီးခတ်ခဲ့ကြပါတယ်။ ပြိုင်ပွဲပေါ်က အားကစားသမားများကို အားပေးဖို့အတွက် သာမက အာရှနိုင်ငံအသီးသီးက ပြည်သူလူထုများ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားသော ထပ်တူထပ်မျှဆန္ဒကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
 
ဒါဟာ အာရှ ၅ နိုင်ငံရဲ့စောင်းတူရိယာဖြင့် ပထမဆုံးအကြိမ် အတူပေါင်းစည်းတီးခတ်ထားသော တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
တေးသီချင်းကို ကျဲ့ကျန်းပြည်နယ်ဒေသ (Zhejiang) ထူးခြားချက်ရှိသော ရိုးရာသံစဉ်ကို အဓိကထားပြီး ကျန်တဲ့နိုင်ငံများရဲ့စောင်းသံ နဲ့ ဝိသေသလက္ခဏာ ထူးခြားချက်များကို ပေါင်းစည်းပြီး တီးခတ်ဖျော်ဖြေထားပါတယ်။
ငြိမ့်ညောင်းတဲ့ သီချင်းသံစဉ်ဟာ တရုတ်နိုင်ငံ ယန်ဇီမြစ်တောင်ပိုင်းဒေသရဲ့ရသကို ဖော်ပြနိုင်ခဲ့သလို ငယ်ရွယ်နုပျိုသော သံစဉ်ဟာ ခေတ်သစ်ရဲ့စည်းချက်ကို ပေါ်လွင်အောင် တီးခတ် ခဲ့ပါတယ်။
ရှေးခေတ်ယဉ်ကျေးမှုနဲ့ ခေတ်သစ်ယဉ်ကျေးမှုတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသော ဟန်ကျိုးမြို့ပြကြီးရဲ့အသွင်သဏ္ဌာန်ကို ပေါ်ပေါ်လွင်လွင် သိရှိခံစားနိုင်ရန် ဖော်ပြလိုက်ပါတယ်။