【 နိုင်ငံတကာ 】“Belt and Road” အကောင်ထည်ဖော်တဲ့ ၁၀ နှစ်တာကာလအတွင်း လူပေါင်းသန်း ၄၀ နီးပါးကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ဟုဆို

【 နိုင်ငံတကာ 】“Belt and Road” အကောင်ထည်ဖော်တဲ့ ၁၀ နှစ်တာကာလအတွင်း လူပေါင်းသန်း ၄၀ နီးပါးကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ဟုဆို

“Belt and Road” အဆိုပြုချက် ထုတ်ဖော်လာခဲ့တဲ့ ၁၀ နှစ်တာအတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ကျယ်ပြန့်တဲ့ ထောက် ခံအားပေးမှုကို ရရှိခဲ့ပြီး လူပေါင်း သန်း ၄၀ နီးပါးကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်တို့ဟာ “Belt and Road” ပူးပေါင်း တည်ဆောက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းအဆိုပြုချက်ဟာ အမေရိကန် ဒေါ်လာ ထလီရီယံနီးပါးရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် လှုံ့ဆော်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အတူပူးပေါင်းတည်ဆောက်သော နိုင်ငံများတွက် အလုပ်အကိုင်ပေါင်း ၄၂၀,၀၀၀ ဖန်တီးပေးပြီး လူပေါင်း သန်း ၄၀ နီးပါးကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

တတိယကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ပေကျင်းမြို့၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ဟာ ဖိုရမ်ရဲ့ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားသွားခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ အရည်းအသွေးမြင့် “Belt and Road” ပူးပေါင်းတည်ဆောက်ရေးရဲ့လုပ်ဆောင်ချက် (၈)ရပ်ကို ထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်နိုင်သော ကွန်ရက်နဲ့ တံခါးဖွင့်ထားသော ကမ္ဘာ့စီးပွားရေး တည်ဆောက်ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း၊ စိမ်းလန်းစိုပြေသော ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ခြင်း၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု တွန်းအားပေးခြင်း၊ ပြည်သူအရပ်သား အချင်းချင်း ဆက်ဆံဖလှယ်ရေး ပံ့ပိုးပေးခြင်း အစရှိသော နယ်ပယ်များပါဝင်တယ်လို့ သိရပါတယ်။

ထို့ကြောင့် တရုတ်နိုင်ငံဘက်က “ပိုးလမ်းမ E-commerce” ပူးပေါင်းဆောင်ရွက်ရေး ရှေ့ပြေးဇုန်ကို တည်ထောင် ပြီး ပိုမိုများပြားတဲ့နိုင်ငံများနဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များ ရေးထိုးလာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

China Development Bank ၊ The Export-Import Bank of China တို့မှာ တရုတ် ငွေရင်းဆွဲဆောင်မှု ပလက်ဖောင်းထားပြီး ၂၀၃၀ ပြည့်နှစ် ရောက်တဲ့အထိ မိတ်ဖက်နိုင်ငံများအတွက် အကြိမ်ရေ ၁၀၀,၀၀၀ သင်တန်းပို့ချပေးမှာ ဖြစ်သလို နိုင်ငံအသီးသီးက လူငယ်သိပ္ပံပညာရှင်များ တရုတ်နိုင်ငံသို့ ကာလတို လာရောက်အလုပ်လုပ်ကိုင်ဖို့ပံ့ပိုးပြီး ပိုးလမ်းမခရီးသွားမြို့များ မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း စသဖြင့်တို့ကို အားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို နိုင်ငံပေါင်း ၁၄၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ပေကျင်း၊ အောက်တိုဘာ ၂၀