【 နိုင်ငံတကာ 】 ကိုဆိုဗိုမြောက်ပိုင်းကို ဆားဘီးယားက သိမ်းယူရန် ကြိုးစားနေဟု ဆို

【 နိုင်ငံတကာ 】 ကိုဆိုဗိုမြောက်ပိုင်းကို ဆားဘီးယားက သိမ်းယူရန် ကြိုးစားနေဟု ဆို

ဘဲလ်ဂရိတ်၊ အောက်တိုဘာ - ၂

ဆားဘီးယားသည် ၎င်း၏မြောက်ပိုင်းဒေသကို သိမ်းပိုက်ရန် ကြိုးပမ်းနေကြောင်းနှင့် တိုက်ခိုက်သူများသည် စစ်အခြေစိုက်စခန်းများတွင် အချိန်အတော်ကြာ ပြင်ဆင်နေခဲ့ကြောင်း ကိုဆိုဗိုက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။

“ဒီအကြမ်းဖက်အဖွဲ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်၊ ကိုဆိုဗိုသမ္မတနိုင်ငံ မြောက်ပိုင်းကို သိမ်းပိုက်ဖို့” ဟု ပြည်ထဲရေးဝန်ကြီး အိတ်စ်ဗဲလာ စဗဲလ်ကလာက ပြောခဲ့ပါတယ်။

“ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ဆားဘီးယားအဖွဲ့အစည်းတွေက သူ့ရဲ့စစ်တပ်၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးစွမ်းရည်တွေကို စုစည်းထားပါတယ်” ဟု မြောက်ပိုင်း မီထရိုဗီကာမြို့ရှိ ရဲစခန်းတစ်ခု၌ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စဗဲလ်ကလာက ပြောကြားခဲ့ပါတယ်။

စဗဲလ်ကလာ၏ အဆိုအရ ယင်းကြိုးပမ်းမှုတွင် ဆားဘီးယားသမ္မတ အလက်ဆန်ဒါဗူစစ်၊ ကာကွယ်ရေးဝန်ကြီး မီလိုစ်ဗူစီဗစ်နှင့် စစ်ဦးစီးချုပ် မီလန်မိုဂျီစီလိုဗစ်တို့ တိုက်ရိုက်ပါဝင်ခဲ့ကြကြောင်း ဆိုပါတယ်။

“ဆားဘီးယားသမ္မတက စက်တင်ဘာ ၂၄ ရက် တိုက်ခိုက်မှုမှာ သူဦးဆောင်တဲ့အစိုးရက စီစဉ်မှုနဲ့ အကောင်အထည်ဖော်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ စောစောက ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ ဒီနေ့ထုတ်ဝေမယ့် ဗီဒီယိုဖိုင်တွေဟာ ဒီအဖွဲ့အစည်းမှာ တပ်မတော်နဲ့ နိုင်ငံဖွဲ့စည်းပုံတွေ ပါဝင်ပတ်သက်မှုရဲ့ ထင်ရှားတဲ့ အထောက်အထားတွေပါပဲ” ဟု ပြောခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်က ဆားဘီးယားနယ်စပ်အနီး ကိုဆိုဗိုမြောက်ပိုင်းရှိ Banjska ရွာတွင် လက်နက်ကိုင် ဆာ့ဘ်အုပ်စုတစ်စုက ထရပ်ကားနှစ်စီးဖြင့် တံတားတစ်ခုကို ပိတ်ဆို့လိုက်သဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ထို့နောက် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားကို ဒေသတွင်းသို့ စေလွှတ်ခဲ့ပြီး ကိုဆိုဗိုနှင့် ဆားဗီးယားကြား နယ်စပ်ဖြတ်ကျော် Brnjak နယ်စပ်ကို ပိတ်ထားခဲ့ရပါတယ်။

ကိုဆိုဗိုမြောက်ပိုင်းတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ဒေသခံ ဆာ့ဘ်လူမျိုးစုများက သပိတ်မှောက်ခဲ့သည့် ဧပြီလကတည်းက ယင်းဒေသတွင် ဆူပူအုံကြွမှုများဖြစ်ခဲ့ပြီး ယင်းနောက်တွင် အယ်လ်ဘေးနီးယန်း မြို့တော်ဝန်၏ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့ပါတယ်။

ကိုဆိုဗိုသည် ဆားဘီးယားကို ၎င်း၏တပ်များကို ပြန်လည်ရုပ်သိမ်းရန် စနေနေ့က တောင်းဆိုခဲ့ပါတယ်။

Linko
Ref - Anadolu Agency