【 နိုင်ငံတကာ 】 ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အစ္စရေးနှင့် အီရန် အငြင်းပွားမှုနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပ

【 နိုင်ငံတကာ 】 ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အစ္စရေးနှင့် အီရန် အငြင်းပွားမှုနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပ

ပေကျင်း၊ ဧပြီ - ၁၅
 
ဒေသစံတော်ချိန် ဧပြီလ ၁၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အစ္စရေး၏ တောင်းဆိုချက်အရ အီရန်က အစ္စရေးအား စစ်ရေးဆောင်ရွက်မှု ပြုလုပ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
 
ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ တိုက်ပင်းက သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားကာ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ် ရည်မှန်းချက်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အငြင်းပွားမှုများကို ဖြေရှင်းရန်၊ တင်းမာနေသော အခြေအနေ ပိုမိုဆိုးရွားမလာအောင် ရှောင်ရှားရန် တရုတ်နိုင်ငံက ပန်ကြားကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။