【 နိုင်ငံတကာ 】 ခါးပတ်လမ်းအစီအစဉ်အောက်တွင် တရုတ်က အစိမ်းရောင်တိုးတက်မှုအားပေးနေ

【 နိုင်ငံတကာ 】 ခါးပတ်လမ်းအစီအစဉ်အောက်တွင် တရုတ်က အစိမ်းရောင်တိုးတက်မှုအားပေးနေ

ပေကျင်း၊ အောက်တိုဘာ - ၁၅
 
တရုတ်၏ ခါးပတ်လမ်း ကမ္ဘာ့အခြေခံ အဆောက်အအုံနှင့် တိုးတက်ရေးအစီအစဉ်ကို စတင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်ပါတယ်။
 
ထိုအစီအစဉ်အောက်မှာ စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးသည် ဦးစားပေးဖြစ်ပါတယ်။
 
ပိုးလမ်း စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်းပိုးလမ်းတို့ ပါဝင်သည့် ခါးပတ်လမ်းအစီအစဉ် (BRI) ကို တရုတ်က ၂၀၁၃ ခုနှစ်တွင် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းဖြင့် ဘက်စုံလမ်းပန်းဆက်သွယ်ရေးမြှင့်တင်ရေး၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များရှာဖွေရေးနှင့် ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စင်မြင့်တစ်ခုတည်ဆောက်ရေး စသည့် ရည်မှန်းချက်များဖြင့် စတင်ခဲ့ပါတယ်။
 
 စာရင်းအင်းများအရ တရုတ်နိုင်ငံသည် လေအားနှင့် ဆိုလာအားအတွက် သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်ရေး အဆောက်အအုံများ ထုတ်လုပ်ရာတွင် ကမ္ဘာ့ဦးဆောင်ဖြစ်ကြောင်း ပြသနေပြီး polysilicon, wafers, cells နှင့် modules များအပါအ၀င် ဆိုလာကိရိယာများ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပါတယ်။ 
 
သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံ၏အင်အားသည် ကမ္ဘာ့အစိမ်းရောင်ပြောင်းလဲမှုအတွက် ခိုင်မာသော တွန်းအားဖြစ်ပါတယ်။
 
တရုတ်နိုင်ငံသည် အစိမ်းရောင်စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် လုပ်ကိုင်နေပြီး တရုတ်၏ BRI မိတ်ဘက်နိုင်ငံများတွင် အစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှင့်မှုနိမ့် ရင်းနှီးမြှုပ်နှံမှုသည် ထိုနိုင်ငံဒေသများမှ ၎င်း၏ သမားရိုးကျ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုထက် သာလွန်ပါတယ်။
 
Linko
Ref - CMG