【 နိုင်ငံတကာ 】 ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေး အကျိုးရှိသော ရလဒ်များရှိဟု ရှီကျင့်ဖျင်ပြော

【 နိုင်ငံတကာ 】 ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေး အကျိုးရှိသော ရလဒ်များရှိဟု ရှီကျင့်ဖျင်ပြော

ပေကျင်း၊ အောက်တိုဘာ - ၁၈

လွန်ခဲ့သော ၁၀ နှစ်အတွင်း ခါးပတ်လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးသည် အလျင်အမြန်ကြီးထွားလာပြီး အကျိုးရှိသော ရလဒ်ကောင်းများရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

ထိုပူးပေါင်းဆောင်ရွက်မှုသည် ယူရေးရှားမှ အာဖရိကနှင့် လက်တင်အမေရိကအထိ ကျယ်ပြန့်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်က ထိုသဘောတူညီချက်တွင် လက်မှတ်ရေးထိုးကြသည်ဟု တတိယအကြိမ်း ခါးပတ်လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲ မိန့်ခွန်းတွင် ရှီက ပြောပါတယ်။

ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုသည် ကောက်ကြောင်းမူကြမ်းမှ အသေးစိတ်များဖြည့်စွက်သည့် အဆင့်ရောက်လာပြီး စီမံချက်မှ လက်တွေ့စီမံကိန်းများဖြစ်လာကြောင်း ရှီပြောကြားပြီး အရေးပါသောစီမံကိန်းကြီးများမှသည် သေးငယ်သော်လည်း ထိရောက်သော ပြည်သူဗဟိုပြုအစီအစဉ်များ လုပ်ဆောင်ခဲ့ကြောင်း ရှီက ပြောပါတယ်။

ခါးပတ်လမ်းအစီအစဉ် (BRI) လူသားထု၏ အားလုံးအတွက် တိုးတက်မှု အကောင်အထည်ဖော်ခြင်းကို ကိုယ်စားပြုသည်ဟု ရှီ ပြောသည်။ထိုအစီအစဉ်သည် နိုင်ငံများအကြား ဖလှယ်ရေးလမ်းကြောင်းသစ်ဖွင့်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး မူဘောင်သစ်ကိုလည်း ထူထောင်ပေးကြောင်း သူကပြောခဲ့ပါတယ်။

ကုန်းမြေ၊ သမုဒ္ဒရာ၊ ကောင်းကင်နှင့် အင်တာနက်တို့ပါ အကျုံးဝင်သည့်  ခါးပတ်လမ်းအစီအစဉ်အောက်မှ ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေးကွန်ရက် နှစ်ပေါင်းထောင်ချီသည့် ပိုးလမ်းမဟောင်းကို ခေတ်သစ်တွင် ရှင်သန်မှုအသစ် ထည့်သွင်းပေးကြောင်း ရှီက ပြောခဲ့ပါတယ်။

Linko
Ref - CMG