【 နိုင်ငံတကာ 】 ခါးပတ်လမ်း အစီအစဉ်သည် ပျော်ရွှင်မှုသို့ သွားရာလမ်းဖြစ်ဟု ဆို

【 နိုင်ငံတကာ 】 ခါးပတ်လမ်း အစီအစဉ်သည် ပျော်ရွှင်မှုသို့ သွားရာလမ်းဖြစ်ဟု ဆို

ပေကျင်း၊ အောက်တိုဘာ - ၁၆

၂၀၂၃ ခုနှစ်သည် ခါးပတ်လမ်းအစီအစဉ် (BRI) ဆယ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သောကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ်မြောက် ခါးပတ်လမ်းဖိုရမ် (BRF) ကို ပေကျင်းတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ် ဆောင်းရာသီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ခါးပတ်လမ်းအစီအစဉ်ဟုခေါ်သည့် ပိုးလမ်းစီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းကို ပူးပေါင်းတည်ဆောက်ရေးသူ၏ အဆိုပြုချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ထိုအစီအစဉ်သည် လူသိများသည့် အများပြည်သူကောင်းကျိုးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး စင်မြင့်ဖြစ်လာခဲ့ပါတယ်။

ထိုနှစ်များအတွင်း ရှီသည် အမျိုးမျိုးသော စိတ်ဝင်စားစရာ စကားများဖြင့် ထိုအစီအစဉ်၏ အနှစ်သာရနှင့် ထူးခြားသောသွင်ပြင်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ထိုစိတ်ဝင်စားစရာ စကားများသည် ထိုအသွင်ကူးပြောင်းရေး အားထုတ်မှုကို အရေးပါစေသည့် နက်ရှိုင်းသော အတွင်းသရုပ်များကို ပြသသည့် ပြတင်းပေါက်များဖြစ်ပါတယ်။

           ကြီးမားသော မိသားစုတစ်ခုသာဖြစ်ပြီး သီးခြားအုပ်စုမဟုတ်

၂၀၁၇ ခုနှစ်က ကျင်းပသည့် BRF တွင် ရှီက BRI ကို ခေတ်နောက်ကျသည့် ပထဝီနိုင်ငံရေးကစားခြင်းက မောင်းနှင်နေခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့ပါတယ်။

ထိုအစီအစဉ်သည် အားလုံးအကျိုးရှိသည့် ပူပေါင်းဆောင်ရွက်မှုပုံစံသစ်ကို ဖန်တီးမည့် အစီအစဉ်ဖြစ်ကြောင်း အလေးထားပြောပြီး တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် အုပ်စုငယ်တစ်ခု ဖွဲ့စည်းခြင်းမဟုတ်ဘဲ သဟဇာတ ယှဉ်တွဲနေထိုင်မည့် မိသားစုကြီးတစ်ခုကို ဖန်တီးခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း BRI ၏ မိတ်ဆွေများ အသိုက်အဝန်းသည် ဆက်လက်ကျယ်ပြန့်လာနေပြီး မတူညီသောယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် လူမှုစနစ်များရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအဆင့် မတူညီသည့်၊ မတူညီသော ဒေသများမှ နိုင်ငံများ ပါဝင်လာပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံသည် BRI ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၂၀၀ ကျော်ကို တိုက်ကြီး ၅ တိုက်မှ နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ တို့နှင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။

           ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကသော့ချက်

“ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြဿနာအားလုံးကို ဖြေရှင်းဖို့ အဓိကသော့ချက်ဖြစ်တယ်” ဟု ရှီက ၂၀၁၇ ခုနှစ် BRF ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးအခြေခံပြဿနာကို အာရုံစိုက်ရန်၊ နိုင်ငံအမျိုးမျိုး၏ တိုးတက်မှုအလားအလာကို ထုတ်ဖော်ရန်၊ စီးပွားရေးပေါင်းစည်းပြီး အပြန်အလှန်ဆက်စပ်တိုးတက်မှုရရှိရန်နှင့် BRI ကို အကောင်အထည်ဖော်သူအားလုံးအတွက် အကျိုးရှိစေရန် လိုအပ်ချက်ကို အလေးထားပြောခဲ့ပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ခါးပတ်လမ်းပူးပေါင်းဆောင်ရွက်မှုသည် တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့် ရင်းနှီးမြှုပ်နှံမှုဖြစ်စေပြီး ပါဝင်သော နိုင်ငံများတွင် စီမံကိန်းပေါင်း ၃၀၀၀ ကျော်နှင့် အလုပ်အကိုင် ၄၂၀,၀၀၀ ကျော် ဖန်တီးပေးပြီး အမျိုးသားအထိမ်းအမှတ်များ၊ အသက်မွေးဝမ်းကြောင်း စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး သမိုင်းမှတ်တိုင်မျိုးစုံကို ပေါ်ပေါက်စေခဲ့ပါတယ်။

နယ်ပယ်ကျယ်ပြန့်လာသောကြောင့် BRI သည် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံလာပြီး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ကမ္ဘာ့အကြီးမားဆုံးစင်မြင့် ဖြစ်လာပါတယ်။

           လမ်းပန်းဆက်သွယ်ရေးသည် အသက်သွေးကြောဖြစ်

BRI နှင့် သက်ဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး အားထုတ်မှုများ၏ လိုက်လျောညီထွေရှိပြီး အပြန်အလှန်အင်အားတောင့်တင်းစေသော သဘောသဘာဝကို ရှီက မီးမောင်းထိုးပြပြီး “ရပ်ဝန်းနဲ့လမ်းဟာ ပျံတက်လာတဲ့ အာရှအတွက် အတောင်ပံ ၂ ခုနဲ့တူရင် လမ်းပန်းဆက်သွယ်ရေးဟာ အဲဒီအတောင်ပံတွေရဲ့ အသက်သွေးကြောတွေဖြစ်တယ်” ဟု ပြောကြားခဲ့ပါတယ်။

BRI ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော လမ်းပန်းဆက်သွယ်ရေးကို အားပေးရန် တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံ အမာခံလမ်းပန်းဆက်သွယ်ရေးနှင့် တူညီသော စည်းမျဉ်း၊ စံနှုန်းများနှင့် ပြည်သူချင်း ဆက်သွယ်မှုကို ဆက်လက်တောင့်တင်းစေပါတယ်။

           ဘုံအကျိုးစီးပွား ချဲ့ထွင်

၂၀၁၉ ခုနှစ်က ကျင်းပသည့် ဒုတိယအကြီး BRF တွင် ရှီက ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာများနှင့် အမျိုးသားအဆင့်၊ ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတကာအဆင့်များအကြား အပြန်အလှန်ဆက်စပ်မှုနှင့် အပြန်အလှန်အင်အားတောင့်တင်းစေခြင်းကို မြှင့်တင်ရန် တောင်းဆိုခဲ့ပါတယ်။

“နှစ်ဘက်၊ သုံးပွင့်ဆိုင်နဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် ကျနော်တို့ဟာ ပိုမိုများပြားတဲ့နိုင်ငံတွေ ကုမ္ပဏီတွေ အပြည့်အဝပါဝင်မှုကို အားပေးဖို့ လိုအပ်ပြီး ဘုံအကျိုးစီးပွားကို ချဲ့ထွင်ရမယ်” ဟု သူကပြောခဲ့ပါတယ်။

           ကျယ်ပြန့်သော စုတ်ချက်များ ရေးဆွဲထားပြီး အသေးစိတ်များကို ဖွင့်ဆိုရန် အချိန်ကျရောက်

BRI ၏ တိုးတက်မှုသည် ဂရုတစိုက်ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို ဖန်တီးခြင်းနှင့် တူညီကြောင်း ရှီက ပြောပါတယ်။

“ကောက်ကြောင်းတွေကို ဆွဲထားပြီးပြီ၊ အခု အသေးစိတ်လေးတွေဖြည့်ရမယ်” ဟု ရှီက ဆိုပါတယ်။

မြင့်မားသောစံနှုန်းများ၊ ရေရှည်တည်တံ့ခြင်းနှင့် ပိုမိုကောင်းမွန်သော ဘဝများကို ရည်ရွယ်ပြီး BRI သည် နောက်ပိုင်းနှစ်များတွင် ပူးပေါင်းဆောင်ရွက်မှု စံနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှု ထိရောက်မှု၊ ပံ့ပိုးမှုအရည်အသွေးနှင့် တိုးတက်မှုခံနိုင်ရည်ကို မြှင့်တင်ပေးကာ ပါဝင်သူအားလုံးအတွက် စစ်မှန်ကြီးမားသော ရလဒ်များ ဖြစ်စေပါတယ်။

           ပျော်ရွှင်မှုသို့ သွားရာလမ်း

ရှီက BRI ၏ အန္တိမရည်မှန်းချက်သည် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများအားလုံး ဘုံတိုးတက်မှုရရန် လမ်းကြောင်းသစ်များ ရှာဖွေရန်ဖြစ်ကြောင်း အလေးထားပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ပြည်ပအကူအညီဖြင့် အတိုင်းအတာအားဖြင့် သေးငယ်သော်လည်း အဓိပ္ပါယ်ပြည့်ဝသည့် စီမံကိန်းများကို အားပေးကာ ပြည်သူ့ဘဝများကို အကျိုးရှိစေခဲ့ပါတယ်။အာရှမှ အာဖရိကအထိ၊ လက်တင်အမေရိကမှ တောင်ပစိဖိတ်အထိ လမ်းများ၊ ရထားလမ်းများ၊ ကျောင်းများ၊ ဆေးရုံများနှင့် စိုက်ပျိုးရေးအဆောက်အအုံများ တည်ဆောက်ခြင်းသည် ပါဝင်သော နိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပြည်သူ့ဘဝသာယာမှုတိုးတက်ရေးအတွက် အထောက်အကူပြုခဲ့ပါတယ်။

လွန်ခဲ့သောဆယ်စုနှစ်အတွင်း BRI သည် ပါဝင်သော နိုင်ငံများမှ လူ ၄၉ သန်းကျော်ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ပါတယ်။

Linko
Ref - Xinhua