【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ကို အစ္စရေးက ညဘက် လေကြောင်းစီးနင်း တိုက်ခိုက်သဖြင့် ပါလက်စတိုင်း ၄၆ ဦးသေဆုံး

【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ကို အစ္စရေးက ညဘက် လေကြောင်းစီးနင်း တိုက်ခိုက်သဖြင့် ပါလက်စတိုင်း ၄၆ ဦးသေဆုံး
တဲလ်အဗစ်၊ အောက်တိုဘာ - ၂၂ 
 
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သောကြာနေ့ ညဘက် လေကြောင်းစီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 
 
ဂျာဘာလီယာရှိ အယ်လ်မိုတာဝါကွတ်မိသားစုကို အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုအတွင်း ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
 
ဂျာဘာလီယာမှာရှိတဲ့ အယ်လ်အဂျီရာမိဒ် မိသားစုကို လေကြောင်းတိုက်ခိုက်မှုတွင် နောက်ထပ် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ခါဒါမိသားစုမှ ကလေး လေးဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
 
ဂါဇာအလယ်ပိုင်းရှိ ဒါအိရာအိလ်ဘာလချ်နှင့် ဂါဇာအလယ်ပိုင်းရှိ အယ်လ်ဘူရီဂျ် ဒုက္ခသည်စခန်းတို့မှ နောက်ထပ် လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။ 
 
ဂါဇာကမ်းမြှောင်တစ်လျှောက်ရှိ ဟားမတ်စ်နေရာအများအပြားကို ၎င်း၏ တိုက်လေယာဉ်များက ဆက်လက်ပစ်မှတ်ထားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ 
 
စစ်ဆင်ရေးဌာနချုပ်များ၊ တင့်ကားပစ်လောင်ချာပစ်စင်များနှင့် ဟားမတ်စ် အသုံးပြုသည့် အခြားအခြေခံအဆောက်အအုံများသည် အစ္စရေးစစ်တပ်၏ ပစ်မှတ်များထဲတွင် ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 
 
Linko
Ref - Thepeninsulaqatar