【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသတွင်း အချက်အလက် ပိတ်ဆို့ထားမှုကို ဖောက်ဖျက်မည့် အီလွန်မတ်ခ်၏အကြံကို ဖျက်ဆီးမည်ဟု အစ္စရေးဆို

【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသတွင်း အချက်အလက် ပိတ်ဆို့ထားမှုကို ဖောက်ဖျက်မည့် အီလွန်မတ်ခ်၏အကြံကို  ဖျက်ဆီးမည်ဟု အစ္စရေးဆို

တဲလ်အဗစ်၊ အောက်တိုဘာ - ၂၉ 
 
ပိတ်ဆို့ထားသော ဂါဇာကမ်းမြောင်ဒေသသို့ ဘီလျံနာ အီလွန်မတ်ခ်၏ ဂြိုဟ်တုအခြေခံ ဆက်သွယ်ရေးစနစ် Starlink ဖြင့် အင်တာနက် ပံ့ပိုးပေးမှုကို တားဆီးမည်ဟု အစ္စရေးဆက်သွယ်ရေးဝန်ကြီး ရှော်လမိုကာဟီက ပြောကြားခဲ့ပါတယ်။
 
“မတ်ခ်ရဲ့ ဆုံးဖြတ်ချက်ကို တိုက်ဖျက်ဖို့ အစ္စရေးက နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမှာပါ” ဟု စနေနေ့ က ပြောကြားခဲ့ပြီး ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမတ်စ်က ၎င်း၏ လှုပ်ရှားမှုများအတွက် Starlink ကို အသုံးပြုမည်ဟု အခိုင်အမာဆိုပါတယ်။
 
“ကျွန်တော့်ရုံးက Starlink နဲ့ အဆက်အသွယ်ဖြတ်သွားမှာပါ” ဟု ခါဟီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 
 
အဝိုင်းခံထားရသော နယ်မြေအတွင်း ဆက်သွယ်ရေးကွန်ရက်များကို သောကြာနေ့နှောင်းပိုင်းက အစ္စရေးသည် ဖြတ်တောက်ပြီးနောက် ဂါဇာရှိ နိုင်ငံတကာအသိအမှတ်ပြု အကူအညီပေးရေးအဖွဲ့များသို့ ဝန်ဆောင်မှုများ တိုးချဲ့ပေးမည်ဟု Tesla နှင့် X ၏ပိုင်ရှင် ဘီလျံနာ အီလွန်မတ်ခ်က Starlink ပလက်ဖောင်းတွင် ရေးသားဖော်ပြပြီးနောက် ယခုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
 
ပါလက်စတိုင်း ဆက်သွယ်ရေးကုမ္ပဏီ၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသရှိ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများကို အစ္စရေးက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် လိုင်းများ၊ တာဝါတိုင်များနှင့် ကွန်ရက်များကို လုံး၀ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။
 
ဂါဇာကမ်းမြောင်ဒေသသည် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ အံ့အားသင့်ဖွယ်ရာ ထိုးစစ်ဆင်မှုနောက်ပိုင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ခံနေရပါတယ်။
 
ဆက်သွယ်ရေးနှင့် အင်တာနက်ကွန်ရက်များ လုံးလုံးလျားလျား ပြတ်တောက်နေသည့်ကြားတွင် အစ္စရေးက သောကြာနေ့ညတွင် မြေပြင်လှုပ်ရှားမှုများနှင့်အတူ  လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်ပြင်းစွာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ 
 
အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်းသား ၈၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထက် ဝက်ခန့်မှာ ကလေးငယ်များ ဖြစ်ပါတယ်။ 
 
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့် ဂါဇာတွင် နေထိုင်သူ ၂ ဒသမ ၃ သန်းမှာ အစားအစာ၊ ရေနှင့် ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရာဖာဂိတ် ဖွင့်လှစ်ပြီးကတည်းက ကယ်ဆယ်ရေးထရပ်ကား အနည်းငယ်သာ ဂါဇာသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ ပါတယ်။
 
Linko
Ref - TRTworlds