【 နိုင်ငံတကာ 】 ဂါဇာကို မြေပြင်ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့ဝင်တွေကို အသင့်ပြင်ရန် အစ္စရေးကာကွယ်ရေးဝန်ကြီးညွှန်ကြား

【 နိုင်ငံတကာ 】 ဂါဇာကို မြေပြင်ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့ဝင်တွေကို အသင့်ပြင်ရန် အစ္စရေးကာကွယ်ရေးဝန်ကြီးညွှန်ကြား

တဲလ်အဗစ်၊ အောက်တိုဘာ - ၂၁

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုဗဲ့ဂဲလန့်က ဂါဇာကမ်းမြှောင်နှင့် နယ်စပ်တစ်လျှောက်ရှိ ခြေလျင်တပ်သားများအား ထိုးစစ်ဆင်ချိန်ကို မသတ်မှတ်ဘဲ ပါလက်စတိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ထားဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်စ် စစ်သွေးကြွတို့၏ အံ့အားသင့်ဖွယ်ရာ အောက်တိုဘာ ၇ ရက် အသေအပျောက်များသည့် တိုက်ခိုက်မှုအပြီးတွင် အစ္စရေး၏ ဂါဇာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုဗဲ့ဂဲလန့် သွားရောက်ခဲ့ပါတယ်။

အစ္စရေးသတင်းချန်နယ်များစွာမှ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် ခရီးစဉ်အတွင်း ဂဲလန့်က တပ်ဖွဲ့များအား မြေပြင်စစ်ဆင်ရေးစတင်ဖို့ အမိန့်ပေးရန်အတွက် “စုစည်းအသင့်ပြင်ထားရန်” ပြောခဲ့တယ် ဆိုပါတယ်။

“ဘယ်သူဖြစ်ဖြစ် ဂါဇာကို အခုအဝေးကနေမြင်သလို အတွင်းကိုလည်း မြင်ရစေမယ်လို့ ငါကတိပေးတယ်” လို့ ပြောခဲ့ပါတယ်။

“ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် ပြင်ဆင်ပြီးစီးမှု၊ စစ်ဆင်ရေးစီမံချက်များ အတည်ပြုချက်နှင့် နယ်မြေခံတပ်များ ဖြန့်ကြက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း” တို့ကို အစ္စရေးစစ်တပ်၏ ညနေပိုင်း ထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ ယာရွန်ဖင့်ကလီမန်က  တောင်ပိုင်းဒေသတွင် လက်ရှိ တပ်စွဲထားသည့် တပ်အများအပြားကို သွားရောက်ကြည့်ရှုပြီး တိုက်ခိုက်မှုအစီအစဉ်များကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။

“အခု ငါတို့ စစ်ဆင်ရေးတွေနဲ့  သူတို့နယ်မြေထဲကို စစ်ပွဲတွေ ဆင်နွှဲတော့မယ်။ရှည်ကြာမယ်၊ ပြင်းထန်လာမယ်” ဟု ဖင့်ကလီမန်က နယ်စပ်တစ်လျှောက်ရှိ စစ်သားများနှင့် တပ်မှူးများအား ပြောကြားခဲ့ပါတယ်။

Linko
Ref - Xinhua