【 နိုင်ငံတကာ 】 ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီ ဆက်လက်စီးဆင်းရေး ဘိုင်ဒင်နှင့် နေတန်ယာဟု သဘောတူ

【 နိုင်ငံတကာ 】 ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီ ဆက်လက်စီးဆင်းရေး ဘိုင်ဒင်နှင့် နေတန်ယာဟု သဘောတူ

ဝါရှင်တန်၊ အောက်တိုဘာ - ၂၃

တနင်္လာနေ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့က ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်စီးဆင်းရန် လိုအပ်ကြောင်း ထပ်မံအတည်ပြု ပြောကြားကြတယ် ဆိုပါတယ်။

ဂါဇာနှင့် ပတ်ဝန်းကျင်ဒေသမှ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးရန် ဘိုင်ဒင်က နေတန်ယာဟုထံ ဖုန်းဖြင့်ဆက်သွယ်ကြောင်း အိမ်ဖြူတော် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားပါတယ်။

“ခေါင်းဆောင်များသည် ဂါဇာသို့ အရေးပါသည့် အကူအညီများ ဆက်လက်စီးဆင်းမှုရှိမည်ဖြစ်ကြောင်း အတည်ပြုသည်” ဟု အိမ်ဖြူတော်ကြေညာချက်တွင် ဖော်ပြထားပါတယ်။

တစ်ချိန်တည်းတွင် သမ္မတ ဘိုင်ဒင်သည် ဟားမတ်စ်၏ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံး လူသားချင်းစာနာမှု ယာဉ်တန်း ၂ ခုကို ကြိုဆိုလိုက်ပါတယ်။

အထက်ပါကြေညာချက်အရ အကူအညီတွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ဂါဇာသို့ ဝင်ရောက်ကာ လိုအပ်နေသော ပါလက်စတိုင်းများကို ဝေမျှပေးနေသည်ဟု သိရပါတယ်။

ထို့အပြင် အမေရိကန် ဓားစာခံနှစ်ဦး လွတ်မြောက်စေရန် အစ္စရေး၏ အကူအညီကို ကျေးဇူးတင်ကြောင်း ဘိုင်ဒင် ဖော်ပြခဲ့ပါတယ်။

Linko
Ref - ANI