【 နိုင်ငံတကာ 】 ဂါဇာသို့ လူသားချင်းစာနာမှုအတွက် အပစ်အခတ်ရပ်ရေးအဆို ဗီတိုဖြင့် အမေရိကန်က ပယ်ချသဖြင့် တရုတ်အကြီးအကျယ်စိတ်ပျက်

【 နိုင်ငံတကာ 】 ဂါဇာသို့ လူသားချင်းစာနာမှုအတွက် အပစ်အခတ်ရပ်ရေးအဆို ဗီတိုဖြင့် အမေရိကန်က ပယ်ချသဖြင့် တရုတ်အကြီးအကျယ်စိတ်ပျက်

နယူးယောက်၊ အောက်တိုဘာ - ၂၀

ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အပစ်အခတ် ခေတ္တရပ်စဲပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချရာတွင် အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာဖြင့် ပယ်ချသောကြောင့် အကြီးအကျယ် စိတ်ပျက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ကြာသပတေးနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါတယ်။

ဘရာဇီးနိုင်ငံက မူကြမ်းရေးသားသည့်အဆိုကို ဗုဒ္ဓဟူးနေ့တွင် မဲခွဲသောအခါ လုံခြုံရေးကောင်စီ ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံ၏ ထောက်ခံမဲရခဲ့ပါတယ်။သို့သော် ဗီတိုအာဏာရှိသော အမေရိကန်ပြည်ထောင်စုသည် ထိုကိစ္စကို ဗီတိုဖြင့်ကန့်ကွက်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ဗြိတိန်နှင့် ရုရှားတို့က မဲမပေးဘဲနေပါတယ်။

လုံခြုံရေးကောင်စီအနေဖြင့် အာရပ်နိုင်ငံများနှင့် ပါလက်စတိုင်းပြည်သူများ၏ တောင်းဆိုမှုကို နားထောင်ရန်၊ အပစ်အခတ်ရပ်စဲရေးတွင် ၎င်း၏တာဝန်ကိုထမ်းဆောင်ရန်၊ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ပိုမိုကြီးမားသည့် လူသားချင်းစာနာမှုအကျပ်အတည်းကို တားဆီးရန် မော်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီအနေဖြင့် တာဝန်သိသော အခန်းကဏ္ဍမှပါဝင်ရန် ပဋိပက္ခတင်းမာမှုလျှော့ချရေး အားထုတ်မှုများလုပ်ရန် တရုတ်က ထောက်ခံပြီး လူသားချင်းစာနာမှုအကျပ်အတည်းများ လျှော့ချရန် အရပ်သားများကို အကာအကွယ်ပေးရေးဖြစ်စေသည့် အစီအစဉ်များကို ကြိုဆိုကြောင်း သူမက ပြောခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ်က အမေရိကန်ပြည်ထောင်စု၏ မဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ထိုမူကြမ်းတွင် အစ္စရေး၏ ခုခံပိုင်ခွင့် မပါသောကြောင့် လွန်စွာစိတ်ပျက်ကြောင်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် ကျောင်ဂျန်က လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂပဋိ့ညာဉ်အရ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပြီး ပါလက်စတိုင်းပြည်သူများ၊ အစ္စရေးပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ မျှော်မှန်းချက်များကို တုံ့ပြန်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Linko
Ref - CMG