【 နိုင်ငံတကာ 】 ဂါဇာသို့ အပြည့်အဝ ကျူးကျော်ဝင်ရောက်နေစဉ် အစ္စရေးသို့ ဘိုင်ဒင် သွားရောက်ရန် စဉ်းစား

【 နိုင်ငံတကာ 】 ဂါဇာသို့ အပြည့်အဝ ကျူးကျော်ဝင်ရောက်နေစဉ် အစ္စရေးသို့ ဘိုင်ဒင် သွားရောက်ရန် စဉ်းစား

ဝါရှင်တန်၊ အောက်တိုဘာ - ၁၆

အရှေ့အလယ်ပိုင်းနိုင်ငံ အစ္စရေးမှ ဂါဇာကမ်းမြောင်သို့ ကျယ်ကျယ်ပြန့်ပြန့် ကျူးကျော်ဝင်ရောက်မည့် ခြိမ်းခြောက်မှုများရှိနေသော်လည်း သမ္မတ ဘိုင်ဒင်မှာ လာမည့်ရက်များအတွင်း အစ္စရေးနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေပါတယ်။

ဟားမတ်စ်တို့နှင့် စစ်ပွဲ ဒုတိယရက်သတ္တပတ်အတွင်း ဝင်လာချိန်တွင် အစ္စရေးသို့ တရားဝင်ခရီးသွားလာရန် အစီအစဉ်ကို ကာကွယ်ရေးဦးစီးချုပ်က မပြုလုပ်ရသေးကြောင်း အမည်မဖော်လိုသည့် အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက အေပီသတင်းဌာနသို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ အံအားသင့်ဖွယ် တိုက်ခိုက်မှုအပြီးတွင် ဟားမတ်စ်တို့က အမေရိကန်နိုင်ငံသား ၃၀ ကျော်အပါအဝင် အရပ်သား ၁၄၀၀ ကျော်သတ်ဖြတ် သေဆုံးခဲ့ပြီးကတည်းက မဟာမိတ် အစ္စရေးကို အခိုင်အမာထောက်ခံကြောင်း ဘိုင်ဒင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သို့သော်လည်း ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်သိမ်းပိုက်ခြင်းဖြင့် တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်မှုကြောင့် အစ္စရေးကို ထိန်းချုပ်ရန် သူကကြိုးပမ်းခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ CBS ရဲ့ 60 Minutes နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု ဘိုင်ဒင်က ပြောခဲ့ပါတယ်။

“ကြည့်ပါ၊ ကျနော်အမြင်အရ ဂါဇာမှာ ဖြစ်ပျက်ခဲ့တာက ဟားမတ်စ်တွေဖြစ်ပြီး၊ ဟားမတ်စ်ရဲ့ အစွန်းရောက်လူတွေက ပါလက်စတိုင်းလူတွေကို ကိုယ်စားမပြုပါဘူး။ပြီးတော့ ဂါဇာကို ပြန်သိမ်းပိုက်ဖို့ အစ္စရေးကလုပ်တာ အမှားတစ်ခုလို့ ကျနော်ထင်တယ်” လို့ ပြောခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်နှင့် ၎င်း၏ အစိုးရအဖွဲ့က ဂါဇာတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ရာနှင့်ချီ သေဆုံးစေခဲ့သည့် အစ္စရေး (သို့မဟုတ်) ၎င်း၏ မညှာမတာ ဗုံးကြဲတိုက်ခိုက်မှုများကို ဝေဖန်ရန်ကိုမူ ငြင်းဆိုခဲ့ပါတယ်။

Linko
Ref - New York Post