【 နိုင်ငံတကာ 】 ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ဖော်ဆောင်ရန် တရုတ် တိုက်တွန်း

【 နိုင်ငံတကာ 】 ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ဖော်ဆောင်ရန် တရုတ် တိုက်တွန်း

ပေကျင်း၊ ဧပြီ - ၆

ဒေသစံတော်ချိန် ဧပြီလ ၅ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ ယာယီတာဝန်ခံ Dai Bing က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီ၏ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များ လျော့ပါးစေရန် ဂါဇာဒေသ၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲရမည်ဖြစ်ကြောင်း Dai Bing က တိုက်တွန်းခဲ့ပါတယ်။

ထို့နောက် တရုတ်နိုင်ငံသည် ပါလက်စတိုင်းနိုင်ငံအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင် နိုင်ငံဖြစ်ရန် အခိုင်အမာထောက်ခံပြီး လုံခြုံရေးကောင်စီအနေနှင့် ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် ထောက်ခံကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။