【 နိုင်ငံတကာ 】 ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စတင်ပြေးဆွဲကြောင်း အင်ဒိုသမ္မတ ကြေညာ

【 နိုင်ငံတကာ 】 ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စတင်ပြေးဆွဲကြောင်း အင်ဒိုသမ္မတ ကြေညာ

ဂျကာတာ၊ အောက်တိုဘာ - ၂

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည်  ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) စတင်ပြေးဆွဲပြီဖြစ်ကြောင်းကို တနင်္လာနေ့ နံနက်ပိုင်းက ဂျကာတာရှိ  ဟာလမ် (Halim) ဘူတာတွင် တရားဝင် ကြေညာခဲ့ပါတယ်။

HSR ကို တည်ဆောက်ပြီး ပြေးဆွဲသည့် အင်ဒိုနီးရှားနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများပါဝင်သည့် ဖက်စပ်လုပ်ငန်းစုဖြစ်သည့် PT Kereta Cepat Indonesia-China အား အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် သောကြာနေ့တွင် လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပါတယ်။

အခမ်းအနားတွင် မြန်နှုန်းမြင့်ရထားလမ်း (HSR) ကို “Whoosh” ဟု ဝီဒိုဒိုက ရထားဘူတာမှ ကြေငြာခဲ့ပြီး မြန်နှုန်းမြင့်ရထားသည် ထိရောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး အခြားအများပြည်သူသယ်ယူပို့ဆောင်ရေးကိရိယာများနှင့် ပေါင်းစပ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ခေတ်မီအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။

“Whoosh ကို လည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ကြေညာပါတယ်” ဟု ဝီဒိုဒိုမှ ပြောကြားခဲ့ပါတယ်။

Linko
Ref - CMG