【 နိုင်ငံတကာ 】 စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ဒါဇင်နဲ့ချီသေဆုံး

【 နိုင်ငံတကာ 】 စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ဒါဇင်နဲ့ချီသေဆုံး

နီအာမန်၊ အောက်တိုဘာ - ၃

နိုင်ဂျာနိုင်ငံ အနောက်ပိုင်းတွင် စစ်သွေးကြွဟု သံသယရှိသူများ၏ တိုက်ခိုက်မှုတစ်ခုအတွင်း စစ်သား ၂၉ ဦး သေဆုံးခဲ့သဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက သုံးရက်ကြာ နိုင်ငံတော်ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ကြောင်း သိရပါတယ်။

စစ်သားတွေကို ပစ်မှတ်ထားတဲ့ တနင်္လာနေ့ညက တိုက်ခိုက်မှုအတွင်း “အကြမ်းဖက်သမား တစ်ရာကျော်ဟာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အသေခံကားတွေကိုသုံးပြီး တိုက်ခိုက်ခဲ့တာ” လို့ ဝန်ကြီးဌာနက ရုပ်သံကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုမှာ အခြားနိုင်ဂျာစစ်သားနှစ်ဦးလည်း ပြင်းထန်စွာထိခိုက်ခဲ့ပြီး အကြမ်းဖက်သမား ဒါဇင်ပေါင်းများစွာလည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

မာလီနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသမှာ Daesh အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ချေမှုန်းဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးအတွင်း ယခုတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။

“အတင်းအကျပ်ဆုတ်ခွာတဲ့ အကြမ်းဖက်သမားတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ကြားဖြတ် ဖြတ်တောက်လိုက်ပြီ” လို့ ဝန်ကြီးဌာနကပြောခဲ့ပြီး တိုက်ခိုက်သူများဟာ ပြင်ပကျွမ်းကျင်သူများထံကနေ အကူအညီရခဲ့တယ်လို့ ဆိုပါတယ်။သို့ရာတွင် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်းမရှိပေ။

သောင်းကျန်းမှုသည် အာဖရိက၊ ဆာဟယ်လ်ဒေသတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြစ်နေခြင်းဖြစ်ပြီး မာလီမြောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားကာ ၂၀၁၅ ခုနှစ်တွင် အိမ်နီးချင်း နိုင်ဂျာနှင့် ဘာကီနာဖာဆိုသို့ ပျံ့နှံ့ခဲ့ပါတယ်။

Linko
Ref - TRTworlds