【 နိုင်ငံတကာ 】 စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ဖို့ အရေးကြီးကြောင်း တရုတ်ဝန်ကြီးချုပ်ဆို

【 နိုင်ငံတကာ 】 စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ဖို့ အရေးကြီးကြောင်း တရုတ်ဝန်ကြီးချုပ်ဆို

ဂျကာတာ၊ စက်တင်ဘာ - ၇

စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ရန်နှင့် နိုင်ငံများအကြား အငြင်းပွားမှုများကို ကောင်းစွာကိုင်တွယ်ရန် အရေးကြီးကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

“သာတူညီမျှများကို အခြေခံ၍ ဘုံတူညီသောအခြေခံကို ရှာဖွေရာတွင် ကျွန်ုပ်တို့တည်ငြိမ်နေရင် ကွဲပြားမှုများကို ကြောက်စရာမရှိပါဘူး၊ ၎င်းတို့ကိုဖြေရှင်းရန် မှန်ကန်သောနည်းလမ်းကို ကျွန်ုပ်တို့ရှာဖွေနိုင်လိမ့်ပါမယ်” လို့ ၂၆ ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် လီက ပြောကြားခဲ့ပါတယ်။

“မတူညီမှုတွေကို ထိန်းချုပ်နိုင်ဖို့ မရှိမဖြစ် အရေးကြီးနေတာက  ဘက်လိုက်ရွေးချယ်တာကို ဆန့်ကျင်ဖို့၊ အစုအဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို ဆန့်ကျင်ဖို့၊ စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ဖို့နဲ့ နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေကို ကောင်းစွာကိုင်တွယ်နိုင်စေမှု သေချာစေရန်” ဖြစ်ကြောင်း လီက ပြောခဲ့ပါတယ်။

အထင်အမြင်လွဲမှားမှု၊ အကျိုးစီးပွားချင်းကွဲလွဲမှု (သို့မဟုတ်) ပြင်ပစွက်ဖက်မှုများကြောင့် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြဿနာကို လေးလေးနက်နက် ရင်ဆိုင်ဖို့၊ နားလည်မှုလွဲမှားမှုတွေကို ဖယ်ရှားပြီး ကွဲလွဲမှုတွေကို စစ်ဆေးဖို့ အရေးကြီးတယ်လို့ သူကမှတ်ချက်ပြုခဲ့ပါတယ်။

နားလည်မှုလွဲမှားမှုများကို ရှင်းလင်းရန် အထိရောက်ဆုံးနည်းလမ်းမှာ ဆက်ဆံရေးကို အားကောင်းစေရန်နှင့် စိတ်ရင်းမှန်ဖြင့် ဆက်သွယ်မှုမှတစ်ဆင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ရန်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်မှာ မဖြစ်မနေလိုအပ်ပြီး  ငှက်ကုလားအုတ်ပေါ်လစီကသာ ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း လီက ပြောခဲ့ပါတယ်။

Linko
Ref - En-people