【 နိုင်ငံတကာ 】 စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုသည် အရေးကြီးကြောင်း တရုတ်နှင့် အမေရိကန် အလေးထားပြော

【 နိုင်ငံတကာ 】 စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုသည် အရေးကြီးကြောင်း တရုတ်နှင့် အမေရိကန် အလေးထားပြော

ပေကျင်း၊ ဧပြီ - ၆

စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ တည်ငြိမ်စေသော အားဖြစ်သည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဝမ်ရှောင်ဝန်က အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဒု-ဝန်ကြီး မာရီဆာလာဂိုနှင့် ပထမဆုံးအကြိမ် ဒုဝန်ကြီးအဆင့် တရုတ်-အမေရိကန် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး အလုပ်အဖွဲ့ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်စဉ် ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေး ကိုယ်စားလှယ်လည်းဖြစ်သော ဝမ်သည် အမေရိကန်ဘက်က ဖိတ်ကြားသောကြောင့် ဧပြီ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် ဆက်သွယ်ရေး တောင့်တင်းရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်၊ သဘောထားကွဲလွဲမှုများကို လုပ်ငန်းအဖွဲ့မှ ဖြေရှင်းရန်နှင့် နှစ်နိုင်ငံ ကော်ပိုရေးရှင်းများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ပတ်ဝန်းကျင်ကောင်းကို ပြုစုပျိုးထောင်ရန် စိတ်အားထက်သန်သည်ဟု သူကပြောခဲ့ပါတယ်။

အမေရိကန်ဘက်က တရုတ်အပေါ် ပုဒ်မ ၃၀၁ အခွန်အစီအမံနှင့် တရုတ်လုပ်ငန်းများကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရန် တောင်းဆိုမှု၊ တရုတ်လုပ်ငန်းများကို အရေးယူပိတ်ဆို့မှု၊ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များ၊ ကုန်သွယ်ရေး ကုစားမှု စုံစမ်းစစ်ဆေးရေး စည်းမျဉ်းများ ပြင်ဆင်ခြင်းနှင့် တရုတ်ကုမ္ပဏီများကို မမျှတသည့် ဆက်ဆံမှုများအပေါ် စိုးရိမ်ကြောင်း သူက ဖော်ပြခဲ့ပါတယ်။

နှစ်ဘက်လုပ်ငန်းများနှင့် အနီးကပ်ဆက်သွယ်ရေး ထိန်းသိမ်းထားရန်၊ စိုးရိမ်ပူပန်သည့် ကိစ္စများကို ၎င်းတို့နှင့် ဆွေးနွေးရန်၊ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအတွက် တရုတ်နိုင်ငံတကာပြပွဲနှင့် တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးဖိုရမ်အပါအဝင် ကုန်သွယ်ရေးမြှင့်တင်ပွဲများကို ပူးတွဲအားပေးရန် နှစ်ဘက်လုံးက သဘောတူသည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သောကြာနေ့က  ပြောခဲ့ပါတယ်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် သန့်ရှင်းသော စွမ်းအင်နည်းပညာနှင့် အမျိုးသမီးများ ကျန်းမာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံတို့သည် ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေးနှင့် ပို့ကုန်ထိန်းချုပ်ရေးတွင် ဆက်သွယ်ရေး တောင့်တင်းအောင်လုပ်ရန်လည်း သဘောတူကြပါတယ်။

လာဂိုသည် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ပြီး တရုတ်-အမေရိကန် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ ဒုဝန်ကြီးအဆင့် အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG