【 နိုင်ငံတကာ 】 ဆစ်ဒနီဂီတပွဲတော် တက်ရောက်ခဲ့သူနှစ်ဦး ရုတ်တရက်သေဆုံး

【 နိုင်ငံတကာ 】 ဆစ်ဒနီဂီတပွဲတော် တက်ရောက်ခဲ့သူနှစ်ဦး  ရုတ်တရက်သေဆုံး

ဆစ်ဒနီ၊ အောက်တိုဘာ - ၁ 
 
ဆစ်ဒနီမြို့မှာ ဂီတပွဲတော်ကို တက်ရောက်ခဲ့ပြီးနောက် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။
 
Knockout Outdoor ပွဲတော် ကျင်းပသည့် နေရာ ဖြစ်သည့် ဆစ်ဒနီအိုလံပစ်ပန်းခြံသို့ နံနက် ၁ နာရီမထိုးမီက နယူးဆောက်ဝေးပြည်နယ်ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့တယ် ဆိုပါတယ်။
 
ဆေးဘက်ဆိုင်ရာ ဆရာဝန်များက အသက် ၂၆  နှစ်အရွယ် အမျိုးသားတစ်ဦးကို Concord ဆေးရုံသို့ မပို့ဆောင်မီ သေဆုံးသွားကြောင်းဆိုပါတယ်။သီးခြားဖြစ်ရပ်တစ်ခုတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ချစ်ပန်ဒေးလ် (Chippendale) ဂျော့ခ်ျလမ်းရှိ ဟိုတယ်တစ်ခုတွင် ကုသမှုခံယူခဲ့ပြီးနောက် ၎င်းကိုလည်း ဆေးရုံသို့ပို့ဆောင်ခြင်းမပြုမီ သေဆုံးသွားခဲ့ပါတယ်။
 
၎င်းအမျိုးသားနှစ်ဦးစလုံးမှာ မသေဆုံးမီ ပွဲတော်တစ်ခုကို တက်ရောက်ခဲ့ကြောင်း နယူးဆောက်ဝေးကျန်းမာရေးက အတည်ပြုခဲ့ပါတယ်။
 
ယမန်နေ့က Centennial Park ၌ ကျင်းပသည့် Knockout ပွဲတော်နှင့် Listen Out ပွဲတော်နှစ်ခုလုံးတွင် အာဏာပိုင်များက  မူးယစ်ဆေးဝါးမှုဖြင့် လူ ၇၀ ကျော်ကို တရားစွဲဆိုခဲ့ပါတယ်။ 
 
Listen Out ပွဲတော် တက်ရောက်သူ ၂၇,၅၀၀ ခန့်တွင် ၈၅ ဦးမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခဲ့ကြောင်း နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရပါတယ်။
 
Knockout Outdoor ပွဲသို့ လူ ၅၃,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ၂၇ ဦးကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် တရားမ၀င် ဆေးဝါးများ ထောက်ပံ့မှုဖြင့် လေးဦးကို တရားစွဲဆိုထားပါတယ်။
 
ဂီတပွဲတော်များတွင် အနံ့ခံခွေးများဖြင့်  ဖယ်ထုတ်ခြင်း၊ တစ်ကိုယ်ရည် မူးယစ်ဆေးဝါးသုံးစွဲမှုကို ခွဲခြားဆက်ဆံခြင်းနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲမှုကို စစ်ဆေးကော်နာထားရန် နယူးဆောက်ဝေးပြည်နယ် ၂၀၁၉ ခုနှစ်တွင် အကြံပြုခဲ့ပါတယ်။ 
 
Linko
Ref - ABC News