【 နိုင်ငံတကာ 】 ဆမ်မီအိုဘလက်ခ်ဒေသကို ရုရှားက ဒုံးကျည်များ၊ ဗုံးများကြဲချကာ တိုက်ခိုက်

【 နိုင်ငံတကာ 】 ဆမ်မီအိုဘလက်ခ်ဒေသကို ရုရှားက ဒုံးကျည်များ၊ ဗုံးများကြဲချကာ တိုက်ခိုက်

ကိယက်ဗ်၊ သြဂုတ် - ၂၈

ပြီးခဲ့သည့်နေ့က နယ်စပ်နယ်မြေဖြစ်သည့် ဆမ်မီအိုဘလက်ခ်ရှိ ဒေသခံများနေထိုင်ရာသို့ ရုရှားက ၂၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၇၁ ကြိမ် ပေါက်ကွဲခဲ့ကြောင်း ဆမ်မီအိုဘလက်ခ် စစ်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ခရိုတင်၊ ဘီလိုပိုင်လာ၊ အက်စမန်၊ ရှာလာညဏ်၊ ဆီရီဒွိုင်နို-ဘူဒါ၊ ဒူဇာဘာ၊ ဗယ်လက်ခါ ပရိုင်ဗာကာနှင့် ပူတူဗယ်လ် စသည့် မြို့ရွာများ၏ အုပ်ချုပ်ရေးယူနစ်များတွင် မီးလောင်ပျက်စီးမှုများ ဖြစ်ခဲ့ပါတယ်။

ခရိုတင်တွန်အုပ်ချုပ်ရေးယူနစ်တွင် အမြှောက်ထိမှန်မှု ၁၅ ကြိမ်နှင့် အော်တိုမစ်တစ်လောင်ချာပေါက်ကွဲမှု ၁၆ ကြိမ်ရှိခဲ့ကြောင်း သိရပါတယ်။

ဆီရီဒွိုင်နို-ဘူဒါအုပ်ချုပ်ရေးယူနစ်တွင် အော်တိုမစ်တစ်လောင်ချာပေါက်ကွဲမှု (၂၉ ကြိမ်) နှင့် မော်တာပေါက်ကွဲမှု (၁၀ ကြိမ်) နှင့် လေကြောင်းမှ ရဟတ်ယာဉ် အသုံးပြုကာ လမ်းညွှန်မဲ့ ဝေဟင်ပစ်ဒုံးကျည် (၆ ကြိမ်) ပစ်ခတ်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပုဂ္ဂလိက လူနေအဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပါတယ်။

ဒူဇာဘာ အုပ်ချုပ်ရေးယူနစ်တွင် မော်တာဗုံးကြဲခြင်းကြောင့် ပေါက်ကွဲမှု ၃ ခုရှိခဲ့ပါတယ်။

ရုရှားတို့က လေကြောင်းမှနေ၍ အက်စမန်အုပ်ချုပ်ရေးဒေသသို့ ဗုံး ၂၂ လုံး ပစ်ချခဲ့ပါတယ်။

Linko
Ref - Pravda