【 နိုင်ငံတကာ 】 ဇာတိမြေကို လွမ်းဆွတ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်

【 နိုင်ငံတကာ 】 ဇာတိမြေကို လွမ်းဆွတ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်

ပေကျင်း၊ စက်တင်ဘာ - ၂၉

စက်တင်ဘာလ ၂၉ ရက်နေ့ဟာ တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်သည့် လမုန့်ပွဲတော်ဖြစ်ပြီး လမုန့်ပွဲတော်သည် တရုတ်လူမျိုးများ၏ မိသားစုနှင့် ပြန်လည်ဆုံတွေ့သည့်ဆန္ဒနှင့် ၎င်းတို့၏မွေးရပ်ဇာတိနှင့် ဆွေမျိုးများအား သတိရလွမ်းဆွတ်မှုကို ပြသကြတယ်လို့ China Media Group သတင်းအရ သိရပါတယ်။

လျန်ကြားဟိုမှ ကျန့်တင့်၊ ဖူကျန့်မှ ကျဲ့ကျန်း၊ ရှန်ဟိုင်း၊ ပေကျင်းအထိ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌအထိ တာဝန်ထမ်းဆောင်သည့် ရှီကျင့်ဖျင်သည်လည်း မည်သည့်နေရာများတွင်မဆို ပြည်သူများအပေါ် ရိုးရှင်းသောမေတ္တာကိုထားရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော နိုင်ငံကြီးတစ်နိုင်ငံကို စီမံအုပ်ချုပ်ရာတွင် ရှီကျင့်ဖျင်က ၎င်း၏ ဇာတိမြေ၊ မိသားစုနှင့် အမိနိုင်ငံအပေါ် ထားရှိသော မြတ်နိုးတန်ဖိုးသည့် လွမ်းဆွတ်မှုများကို တရုတ်ပြည်သူများအား သာယာသောဘဝရရှိရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ အကျိုးပြုဆောင်ရွက်မှုအဖြစ် ပြောင်းလဲစေပြီး “မိမိအကျိုးမကြည့်၊ ပြည်သူ့အကျိုးမယုတ်စေရ” ဟူသော ပြည်သူများအပေါ် အမြတ်နိုးဆုံးဝန်ခံခြင်းဖြစ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။