【 နိုင်ငံတကာ 】 တရုတ်ကျောင်းသားများကို နိုင်ငံရေးအရ စွဲချက်အတုလုပ်သောကြောင့် အမေရိကန်ကို တရုတ်ရှုတ်ချ

【 နိုင်ငံတကာ 】 တရုတ်ကျောင်းသားများကို နိုင်ငံရေးအရ စွဲချက်အတုလုပ်သောကြောင့် အမေရိကန်ကို တရုတ်ရှုတ်ချ

ပေကျင်း၊ ဩဂုတ် - ၂၈
 
တရုတ်ကျောင်းသားတစ်ဦးကို ဗီဇာအတုလုပ်သည့် ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခြင်းအတွက် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အမေရိကန် ပြည်ထောင်စုကို တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး ထိုသို့သောအပြုအမူသည် နိုင်ငံရေးကိစ္စအတွက် သိမ်းကြုံးဖိနှိပ်ခြင်းဖြစ်ကြောင်း ပြောလိုက်ပါတယ်။
 
တရုတ်ကျောင်းသားတစ်ဦးကို အမေရိကန်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန (FBI) က သမ္မတအမိန့် Presidential Proclamation 10043 အရ စစ်ဘက်ပညာရေးအတွေ့အကြုံကို ဖုံးကွယ်ထားမှုနှင့် ဗီဇာလိမ်လည်မှုဖြင့် ဖမ်းဆီးအရေးယူသော သတင်းရရှိပါတယ်။
 
ထိုအမှုသည် ထောင်ဆယ်နှစ်အထိ အများဆုံးကျနိုင်သော အမှုဖြစ်ပါတယ်။သို့သော် ထိုကျောင်းသားသည် အမေရိကန်အာဏာပိုင်များက အရေးပါသည်ဟု ယူဆသည့် သင်တန်းအနည်းငယ်ကိုသာ တက်ရပါသေးတယ်။
 
ထို့အပြင် (FBI) သည် ထိုကျောင်းသား၏ လျှောက်လွှာမှ ကိုယ်ရေးအချက်အလက်များ ခိုးယူကာ သက်သေအထောက်အထားအဖြစ်သုံးခြင်းဖြစ်ပါတယ်။
 
“အမေရိကန်ပြည်ထောင်စုက တရုတ်ကျောင်းသားများကို ကျိုးကြောင်းဆီလျော်မှုမဲ့ ဖမ်းဆီးစစ်ဆေး ပြန်လည်ပို့ဆောင်ခြင်းနှင့် ၎င်းတို့ကို စွပ်စွဲချက်အတုများ ပြုလုပ်ခြင်းသည် နိုင်ငံရေးအရ သိမ်းကြုံးဖိနှိပ်ခြင်းဖြစ်ပါတယ်။ထိုလုပ်ရပ်ကို တရုတ်က ဆန့်ကျင်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ၀န်ဝေဘင်က ပြောပါတယ်။
 
ထိုအမှုအပြင် တရုတ်ကျောင်းသား ၃ ဦးကိုလည်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာနနှင့် ဇာတိမြေကာကွယ်ရေးဝန်ကြီးဌာတို့က ကာလကြာရှည် ဖမ်းဆီးစစ်ဆေးကြောင်း Global Times က ဖော်ပြခဲ့ပါတယ်။
 
နိုင်ငံသားများ အပြန်အလှန်သွားရောက်ဆက်ဆံခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အုတ်မြစ်ဖြစ်ပြီး ပညာရေး၊ သိပ္ပံနှင့် နည်းပညာဖလှယ်ခြင်းသည်လည်း ထိုဆက်ဆံရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်ဟုလည်း သူက ပြောပါတယ်။
 
ထိုသို့သော အပြန်အလှန်ဖလှယ်မှုများကို ထောက်ခံပြီး တရုတ်ကျောင်းသားများကို အမေရိကန်က ကြိုဆိုကြောင်း အမေရိကန်ဘက်ကပြောသော်လည်း အစိုးရသည် ယခင်အစိုးရအတိုင်း မှားယွင်းသောလုပ်ရပ်များကို ဆက်လက်လုပ်ကိုင်နေပြီး အမျိုးသားလုံခြုံရေးအယူအဆကို တလွဲသုံးကာ တရုတ်ကျောင်းသားများ အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ယူခြင်း သုတေသနလုပ်ခြင်းကို ကန့်သတ်ပိတ်ပင်နေကြောင်း သူက ပြောပါတယ်။
 
ထိုသို့လုပ်ခြင်းသည် တရုတ်ကျောင်းသားများ၏ ဥပဒေအရ အခွင့်အရေးနှင့် အကျိုးစီးပွားကို အပြင်းအထန်ထိခိုက်စေကာ တရုတ်-အမေရိကန် လူသားချင်းအပြန်အလှန်ထိတွေ့မှုနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်ကျင်ကို အပြင်းအထန်ထိခိုက်စေပါတယ်ဟုလည်း သူကဆက်ပြောပါတယ်။
 
အမေရိကန်အနေနဲ့ တရုတ်ကျောင်းသားတွေကို ကြိုဆိုတဲ့ ပြောဆိုချက်ကို လက်တွေ့အကောင်အထည်ဖော်ပြီး သမ္မတ အမိန့် ၁၀၀၄၃ ကို ရုပ်သိမ်းပါ။အမျိုးသားလုံခြုံရေး အကြောင်းပြပြီး အမေရိကန်ပြည်ထောင်စုက တရုတ်ကျောင်းသားတွေကို ဖိနှိပ်မှုရပ်ပါဟုလည်း သူကပြောပါတယ်။
 
တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ဆက်လက်ကာကွယ်မည်ဖြစ်ပြီး တရုတ်ကျောင်းသားများအနေဖြင့် အန္တရာယ်သတိထားရန် တိုက်တွန်းကြောင်း သူကပြောပါတယ်။
 
Linko
Ref - CMG