【 နိုင်ငံတကာ 】 တရုတ်နိုင်ငံအရှေ့ပိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ ၁၀ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံအရှေ့ပိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ ၁၀ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

ပေကျင်း၊ စက်တင်ဘာ - ၂၀

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ နာရီပိုင်းအတွင်း လေဆင်နှာမောင်း နှစ်ကြိမ်တိုက်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး အခြားလေးဦးမှာ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံ CCTV က အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ကျန်ဆုပြည်နယ်၊ ဆူးရှန်းမြို့ကို ပထမဆုံး လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ နေအိမ် ၁၃၇ လုံး ပျက်စီးခဲ့ပြီး သီးနှံစိုက်ခင်းများနှင့် ဝက်ခြံများ ပျက်စီးကာ လူငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။
    
ညနေပိုင်းမှာ ဆူးရှန်းမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၉၀ (မိုင် ၁၂၀ ခန့်) အကွာရှိ ပြည်နယ်တူသည့် ရန်ချမ်းမြို့ကို ဒုတိယလေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ လူငါးဦးသေဆုံးခဲ့ပါတယ်။

အွန်လိုင်းတွင် လွှင့်တင်ထားသည့် ပထမဦးဆုံး လေဆင်နှာမောင်းတိုက်ခတ်မှု၏  ဗီဒီယိုရုပ်သံတွင် အနည်းဆုံး ကားတစ်စီးမှာ ဘေးဘက်လှန်သလိုဖြစ်ခဲ့သလို အထပ်ပေါင်းများစွာမြင့်သော အဆောက်အအုံတစ်ခု၏အပေါ်မှာ အပျက်အစီးများ လေထဲတွင် ဝေ့ဝဲနေတာကို တွေ့ရပါတယ်။   

ပျက်စီးခဲ့သော ဆူးရှန်းမြို့ဧရိယာမှာ လျှပ်စစ်မီးနှင့် လမ်းဝန်ဆောင်မှုများ ပြန်လည်ရရှိခဲ့ကြောင်း CCTV မှ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းများဖြစ်ပွားမှုမှာ ရှားပါးသော်လည်း မကြာသေးမီနှစ်များအတွင်း ကျန်ဆုတွင် ဖြစ်ပွားမှုများတွင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြည်နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ယမန်နှစ်က လူတစ်ဦးသေဆုံးပြီး ၂၀၂၁ ခုနှစ်တွင် လေးဦးသေဆုံးခဲ့ပါတယ်။အခြားမြို့ဖြစ်သည့် ဝူဟန်မြို့၌ပင် လေဆင်နှာမောင်းကြောင့် ထိုနေ့တွင်ပင် လူရှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Linko
Ref - Thepeninsulaqatar