【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌနှင့် အင်တာဗျူး

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌနှင့် အင်တာဗျူး

ပေကျင်း၊ ဧပြီ - ၂၅

ဧပြီလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ၎င်းရဲ့ရာထူးသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်ခရီးစဉ် ရောက်ရှိလာခဲ့ပါတယ်။

ဒီလထဲမှာပဲ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတွေ တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်နေပါသလဲ။တရုတ်နဲ့ အမေရိကန်က ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ နီးကပ်စွာ ချိတ်ဆက်နေပြီး အထူးသဖြင့် နည်းပညာတီထွင်မှုကဏ္ဍမှာဖြစ်တယ်လို့ တရုတ်နိုင်ငံ၊ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌ Sean Stein က CGTN အစီအစဉ်တင်ဆက်သူ Tian Wei နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်စီးပွားရေးသမားတွေဟာ တရုတ်နိုင်ငံကို ကိုယ်တိုင်လာကြည့်မှပဲ ဒီနေရာမှာရှိနေတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်မယ်လို့လည်း ၎င်းက အလေးပေးပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။