【 နိုင်ငံတကာ 】 တရုတ်နဲ့ အမေရိကန်တို့ တစ်ဘက်နှင့် တစ်ဘက် လမ်းခုလတ်မှာတွေ့ဖို့ တရုတ်ဒုသမ္မတ မျှော်လင့်

【 နိုင်ငံတကာ 】 တရုတ်နဲ့ အမေရိကန်တို့ တစ်ဘက်နှင့် တစ်ဘက် လမ်းခုလတ်မှာတွေ့ဖို့ တရုတ်ဒုသမ္မတ မျှော်လင့်

ပေကျင်း၊ စက်တင်ဘာ - ၁၉

တရုတ်နဲ့ အမေရိကန်တို့ဟာ လမ်းတစ်ဝက်မှာ တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ သဘောတူခဲ့တဲ့ နိုင်ငံခေါင်းဆောင်နှစ်ဦးရဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်ဒုတိယသမ္မတ ဟန်ကျန်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံမှုမှာ ဟန်က နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နှစ်ဘက်စလုံးက လက်တွေ့ကျသော လုပ်ဆောင်ချက်များကို ဖော်ဆောင်ပြီး  နှစ်နိုင်ငံစလုံးအတွက်ရော ကမ္ဘာနှင့်ပါ အကျိုးပြုသည့် ကောင်းမွန်တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်ရောက်ရှိဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် စိန်ခေါ်မှုထက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး အမေရိကန်အတွက် အန္တရာယ်ထက် အကျိုးအမြတ်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်အပြန်အလှန်အောင်မြင်မှုနှင့် ဘုံသာယာဝပြောမှုတို့ရရှိရန် အကြောင်းပြချက်များစွာရှိပါကြောင်း ဟန်က ဖြည့်စွက်ပြောခဲ့ပါတယ်။

Linko
Ref - CMG