【 နိုင်ငံတကာ 】 တရုတ်နျူကလီးယားလက်နက် တည်ဆောက်မှု အမေရိကန်ထင်ထားသည်ထက် မြန်ဆန်

【 နိုင်ငံတကာ 】 တရုတ်နျူကလီးယားလက်နက် တည်ဆောက်မှု အမေရိကန်ထင်ထားသည်ထက် မြန်ဆန်

ဝါရှင်တန်၊ အောက်တိုဘာ - ၂၀

ပေကျင်းသည် နျူကလီးယားလက်နက်တိုက် တည်ဆောက်ရာတွင် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်ပြီး ထိုင်ဝမ်ပဋိပက္ခ မည်သို့ဖြစ်မည်ကို ရုရှား၏ ယူကရိန်းစစ်မှ သင်ခန်းစာယူနေသည်မှာ သေချာကြောင်း တရုတ်စစ်ရေးစွမ်းရည်နှင့်ပတ်သက်သည့် ပင်တဂွန်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီနှင့် အလာစကာတို့မှ ပစ်မှတ်များကို သမားရိုးကျတိုက်ခိုက်နိုင်သည့် သမားရိုးကျ တိုက်ချင်းပစ်ဒုံးကျည်စနစ်သစ်တစ်ခုကို တရုတ်အကောင်အထည်ဖော်နေနိုင်သည်ဟု ကြာသပတေးနေ့က ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့ လာမည့်လအတွင်း ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံမည်ဟု မျှော်လင့်ရစဉ် အထက်ပါအစီရင်ခံစာ ထွက်လာခြင်းဖြစ်ပါတယ်။

ကွန်ဂရက်သို့ တင်ပြရန် လိုအပ်သည့် ထိုနှစ်ပတ်လည်အစီရင်ခံစာသည် တရုတ်၏ စစ်ရေးစွမ်းရည်ကြီးထွားမှုကို ပင်တဂွန်က တိုင်းတာသည့် အစီရင်ခံစာဖြစ်ပါတယ်။တရုတ်ကို အမေရိကန်အစိုးရက ဒေသတွင် ခြိမ်းခြောက်မှုနှင့် ရေရှည်အခြေခံ လုံခြုံရေးစိန်ခေါ်မှုဖြစ်သည်ဟု မြင်ပါတယ်။

သို့သော် ဟားမတ်စ်က အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကို တိုက်ခိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုသည် တရုတ်သြဇာကြီးမားလာခြင်းအတွက် ပစိဖိတ်ကို ဗဟိုပြုရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားနေသော်လည်း အရှေ့အလယ်ပိုင်းကို ပြန်လည်အာရုံစိုက်ရန် ဖိအားပေးခံနေရပါတယ်။အမေရိကန်ပြည်ထောင်စုသည် အစ္စရေးသို့ လက်နက်များ အလျင်အမြန်ပေးပို့နေရသလို ရုရှားကိုမောင်းထုတ်ရန် ကြိုးစားနေသည့် ယူကရိန်း၏ လ ၂၀ ကြာ စစ်ပွဲအတွက်လည်း လက်နက်ခဲယမ်း ထောက်ပံ့နေရပါတယ်။

သို့သော် ပင်တဂွန်၏ အမျိုးသားသေနင်္ဂဗျူဟာတွင် တရုတ်သည် အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး လုံခြုံရေးစိန်ခေါ်မှုအဖြစ် ဆက်လက်သတ်မှတ်ထားပြီး ပေကျင်း၏ ခြိမ်းခြောက်မှုသည် အမေရိကန်စစ်တပ်ကို မည်သို့လက်နက်တပ်ဆင်မည်နှင့် အနာဂတ်ကို အဆုံးအဖြတ်ပေးမည်ဟု သတ်မှတ်ထားပါတယ်။

တရုတ်သည် နျူကလီးယားတပ်ဖွဲ့ကို အမေရိကန်ထင်ထားသည့် ပိုမိုမြန်ဆန်စွာ ချဲ့ထွင်နေသည်ဆိုသည့် အမေရိကန်စစ်တပ်၏ ယခင်နှစ်က ပြောကြားချက်ကို ယခုပင်တဂွန်အစီရင်ခံစာက အခြေခံပါတယ်။

Linko
Ref - AP