【 နိုင်ငံတကာ 】 တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်မှုမြင့်မားလာသောကြောင့် ဂျပန်လုပ်ငန်းများ အမေရိကန်ကို တွန်းအားပေးလာ

【 နိုင်ငံတကာ 】 တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်မှုမြင့်မားလာသောကြောင့် ဂျပန်လုပ်ငန်းများ အမေရိကန်ကို တွန်းအားပေးလာ

တိုကျို၊ ဧပြီ - ၁၈
 
တရုတ်၏ ၀ယ်လိုအားနှင့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များအပေါ် သြဇာလွှမ်းမိုးမှုသည် ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးအပေါ် ဗဟိုပြုမှု သိသိသာသာ မြင့်မားစေသောကြောင့် ဂျပန် ကုမ္ပဏီများက ၎င်းတို့၏ စီးပွားရေးတိုးတက်မှု စီမံကိန်းများကို အမေရိကန်ပြည်ထောင်စုနှင့် ချိတ်ဆက်လာကြပါတယ်။
 
စက်ရုပ်လုပ်ငန်း Yaskawa Electric ၊ အဖျော်ယမကာလုပ်ငန်း Asahi ၊ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်း Renesas Electronics နှင့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Honda အပါအ၀င် လုပ်ငန်းအများအပြားသည် အမေရိကန်တွင် တိုးချဲ့ရန် ပြောဆိုမှု (သို့မဟုတ်) တိုးချဲ့မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
ဂျပန်သည် ကျယ်ပြန့်သော ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများတွင် တရုတ်နှင့်ပတ်သက်နေ၍ ဂျပန်သည် တရုတ်နှင့် လမ်းမခွဲသော်လည်း အန္တရာယ်ကို လျှော့ချမည်ဖြစ်ကြောင်း စက်မှုထိပ်သီး ၇ နိုင်ငံကို ကတိပေးထားပါတယ်။
 
ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွင် တရုတ်နှင့် ထိတွေ့ခြင်းကို ကန့်သတ်မည့် ထိုအစီအစဉ်ကို ၀န်ကြီးချုပ် ကီရှီဒါက လွန်ခဲ့သောအပတ်က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ် အလေးထားပြောခဲ့ပါတယ်။
 
ကီရှီဒါသည် တိုရိုတာ လျှပ်စစ်ကားများ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်နေသော မြောက်ကာရိုလိုင်းနားသို့ သွားရောက်ပြီးကုန်စည်ဖြန့်ချိရေး ကွင်းဆက်များ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ပါတယ်။
 
မပြီးဆုံးနိုင်သည့် အခွင့်အရေးများအဖြစ် တရုတ်ဈေးကွက်ကို နှစ်ပေါင်းများစွာ မြင်ခဲ့ပြီးနောက် ဂျပန်ကုမ္ပဏီများသည် ပိုမိုသတိထားလာကြောင်း သုတေသီနှင့် လုပ်ငန်းအမှုဆောင်များပြောပါတယ်။
 
တရုတ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ဂျပန် ကုမ္ပဏီတစ်၀က်နီးပါးသည် လွန်ခဲ့သောနှစ်အတွင်း တရုတ်တွင် မမြှုပ်နှံကြ (သို့မဟုတ်) မြှုပ်နှံမှု လျှော့ချခဲ့ကြောင်း ဇန်နဝါရီလ စစ်တမ်းက ပြသနေပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters