【 နိုင်ငံတကာ 】 တရုတ်နှင့် အမေရိကန် စစ်ဘက်များ ရေကြောင်းနှင့် လေကြောင်း လုံခြုံရေး ဆွေးနွေးရန် ဟာဝိုင်အီတွင် တွေ့ဆုံ

【 နိုင်ငံတကာ 】 တရုတ်နှင့် အမေရိကန် စစ်ဘက်များ ရေကြောင်းနှင့် လေကြောင်း လုံခြုံရေး ဆွေးနွေးရန် ဟာဝိုင်အီတွင် တွေ့ဆုံ

ဟာဝိုင်အီ၊ ဧပြီ - ၇
 
တရုတ်နှင့် အမေရိကန် စစ်တပ်များသည် နှစ်နိုင်ငံအကြား လက်ရှိ ရေကြောင်းနှင့် လေကြောင်း လုံခြုံရေးအခြေအနေကို ဆွေးနွေးရန်အတွက် ဧပြီ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေညာခဲ့ပါတယ်။
 
တရုတ်-အမေရိကန် စစ်ဘက် ရေကြောင်းပူးပေါင်းညှိနှိုင်းမှု သဘောတူညီချက် အလုပ်အဖွဲ့ အစည်းအဝေးသည် နှစ်နိုင်ငံခေါင်းဆောင်များအကြား အရေးပါသည် ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရန်နှင့် ကျန်းမာတည်ငြိမ် ရေရှည်တည်တံ့ ဆက်ဆံရေး အကောင်အထည်ဖော်ရန် ရည်ရွယ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
ဟာဝိုင်အီတွင် တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံခြင်းဖြစ်ပြီး နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဗီဒီယိုမှ ပြုလုပ်ခဲ့ပါတယ်။
 
ဟာဝိုင်အီ အစည်းအဝေးအတွင်း နှစ်နိုင်ငံတို့သည် ၂၀၂၁ ခုနှစ် MMCA အစည်းအဝေးနောက်ပိုင်း တရုတ်-အမေရိကန် လေကြောင်းနှင့် ရေကြောင်း လုံခြုံရေးထိပ်တိုက်တွေ့မှု စည်းမျည်းများ အကောင်အထည်ဖော်ရေး ဆွေးနွေးမှုများကို ပြုလုပ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောပါတယ်။
 
တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကို လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် လေ ကြောင်းသွားလာမှုကို ထိပါးသည့် လုပ်ရပ်ဖြစ်ပြီးအန္တရာယ်များပြီး ရန်စသည့် လုပ်ရပ်များကို ဥပဒေနှင့်အညီ တုံ့ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - China Military