【 နိုင်ငံတကာ 】 တရုတ်၊ အမေရိကန်တို့သည် သဘောတူညီချက် ၅ ချက် ရရှိ

【 နိုင်ငံတကာ 】 တရုတ်၊ အမေရိကန်တို့သည် သဘောတူညီချက် ၅ ချက် ရရှိ

ပေကျင်း၊ ဧပြီ - ၂၇

ဧပြီလ ၂၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပေကျင်းတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် ဘက်စုံ အမြင်ချင်းဖလှယ်သည့် အခြေခံပေါ်တွင် သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြပါတယ်။

ပထမတစ်ချက်က နှစ်နိုင်ငံခေါင်းဆောင်တို့မှ လမ်းညွှန်မှုအတိုင်း တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်စေရန်နှင့် ဖွံ့ဖြိုးစေရန် ဆက်လက်ကြိုးပမ်းဖို့ နှစ်ဦးနှစ်ဖက်တို့မှ သဘောတူကြခြင်း၊

ဒုတိယတစ်ချက်က အဆင့်မြင့် ဖလှယ်မှုနှင့် အဆင့်ဆင့်မှ ဆက်သွယ်မှုများကို ဆက်လက်ထားရှိရန် နှစ်ဦးနှစ်ဖက်တို့မှ သဘောတူကြခြင်း၊

တတိယတစ်ချက်က တရုတ်-အမေရိကန် ဆက်ဆံမှု လမ်းညွှန်ရေး အခြေခံမူဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်တွန်းအားပေးခြင်း၊

စတုတ္ထတစ်ချက်က နှစ်ဦးနှစ်ဖက်တို့သည် လုပ်ဆောင်ချက်မျာဖြင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ခြင်း၊

ပဉ္စမတစ်ချက်ကတော့ နှစ်ဦးနှစ်ဖက်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်၍  ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ထိန်းထားခြင်းတို့ဖြစ်သည်ဟု China Media Group သတင်းအရ သိရပါတယ်။