【 နိုင်ငံတကာ 】 တရုတ်၏ အဓိကမြို့ကြီးထက်ဝက်နီးပါး ကျွံကျနေဟု သုတေသီများပြော

【 နိုင်ငံတကာ 】 တရုတ်၏ အဓိကမြို့ကြီးထက်ဝက်နီးပါး ကျွံကျနေဟု သုတေသီများပြော

ပေကျင်း၊ ဧပြီ - ၂၁
 
တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများအနက် ထက်ဝက်နီးပါးသည် အလယ်အလတ်မှ အပြင်းအထန်အထိ ကျွံကျနေပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် ပြည်သူသန်းပေါင်းများစွာသည် ရေလွှမ်းမိုးမှု အန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု သောကြာနေ့က ထုတ်ပြန်သည့် တစ်နိုင်ငံလုံး ဂြိုဟ်တုဓာတ်ပုံ များအရ သိရပါတယ်။
 
သိပ္ပံဂျာနယ်တွင် ထုတ်ပြန်သည့် ထိုစာတမ်းကို ရေးသားသူများက မြေအောက်ရေမျက်နှာပြင် နိမ့်ကျမှုကြောင့်သာမက တည်ဆောက်သည့် လုပ်ငန်းများကြောင့်ပါ တရုတ်မြို့ပြဒေသ ၄၅ ရာခိုင်နှုန်းသည် တစ်နှစ်လျှင် ၃ မီလီမီတာထက် ပိုမိုကျွံကျနေပြီး ၁၆ ရာခိုင်နှုန်းသည် တစ်နှစ်လျှင် ၁၀ မီလီမီတာတက် ပိုမိုကျွံကျနေသည်ဟု ရေးသားဖော်ပြခဲ့ပါတယ်။
 
တရုတ်နိုင်ငံ၏ မြို့ပြလူဦးရေသည် သန်း ၉၀၀ ကျော်လာပြီးသောကြောင့် တရုတ်မှ မြေအနည်းငယ်ကျွံကျခြင်းသည်ပင် မြို့ပြဘဝကို အကြီးအကျယ်ခြိမ်းခြောက်နိုင်ကြောင်း တောင်တရုတ်ပုံမှန်တက္ကသိုလ်မှ အောင်းဇာရိုင်း ဦးဆောင်သည့် သုတေသနအဖွဲ့က ဖော်ပြခဲ့ပါတယ်။
 
ထိုသို့ မြေကျွံကျခြင်းကြောင့် တရုတ်နိုင်ငံသည် နှစ်စဉ် ယွမ် ၇.၅ ဘီလီယံ (ဒေါ်လာ ၁.၀၄ ဘီလီယံ) ကုန်ကျနေပြီး လာမည့် ရာစုနှစ်တွင် ကမ်းရိုးတန်း ကုန်းမြေ ၄ ပုံ ၁ ပုံသည် ပင်လယ်ရေမျက်နှာပြင်အောက် ကျဆင်းပြီး လူသန်းရာပေါင်းများစွာသည် ရေကြီးမှုအန္တရာယ် ရင်ဆိုင်ရနိုင်ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters