【 နိုင်ငံတကာ 】 တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်ရေး မည်သည့် တတိယနိုင်ငံကိုမျှ ပစ်မှတ်မထားဟု တရုတ် ဆို

【 နိုင်ငံတကာ 】 တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်ရေး မည်သည့် တတိယနိုင်ငံကိုမျှ ပစ်မှတ်မထားဟု တရုတ် ဆို

ပေကျင်း၊ အောက်တိုဘာ - ၂၆

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်ရေးသည် မည်သည့် တတိယနိုင်ငံကိုမျှ ပစ်မှတ်မထားသလို မည်သည့် တတိယနိုင်ငံကမျှ ဝင်ရောက်ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချောင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံတို့သည် ၎င်းတို့ပြည်သူများ အကျိုးရှိစေရန်၊ ကမ္ဘာ့တိုးတက်မှုကို အားပေးရန်နှင့် မျှတမှုနှင့် တရားမျှတမှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း လီက ရုရှားဝန်ကြီးချုပ် မစ်ခေးလ်မီရှူစတင်နှင့် ၂၂ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် အစိုးရအကြီးအကဲများ အစည်းအဝေး ပြင်ပတွင် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူထားသည့် အရေးပါသော ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရန်၊ နယ်ပယ်မျိုးစုံတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်နှင့် တရုတ်-ရုရှား ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေး ခေတ်သစ်ရောက်အောင် တရုတ်က ရုရှားနှင့် အတူလုပ်ဆောင်ရန် စိတ်အားထက်သန်ကြောင်း သူကပြောခဲ့ပါတယ်။

မီရှူစတင်ကလည်း တရုတ်နိုင်ငံက တတိယအကြိမ် ခါးပတ်လမ်းဖိုရမ်ကို အောင်မြင်စွာကျင်းပခဲ့ခြင်းကို ဂုဏ်ယူကြောင်းပြောပြီး ခေတ်သစ် ရုရှား-တရုတ် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးသည် မကြုံစဖူး မြင့်မားသည့်အဆင့်ရောက်နေကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - CMG