【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှု ဒေသများအပေါ် အခြေခံဟု ရှီကျင့်ဖျင်ပြော

【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှု ဒေသများအပေါ် အခြေခံဟု ရှီကျင့်ဖျင်ပြော

ပေကျင်း၊ အောက်တိုဘာ - ၂၆

တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ရှင်သန်မှုသည် နှစ်နိုင်ငံမှ ဒေသများအပေါ် အခြေခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂဗင်နယူးစ်ဆွမ်ကို ဗုဒ္ဓဟူးနေ့က ပေကျင်းတွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

“တရုတ်-အမေရိကန် ဆက်ဆံရေး မျှော်လင့်ချက်နဲ့ အုတ်မြစ်က ပြည်သူ၊ လူငယ်တွေရဲ့ အနာဂတ်နဲ့ ဒေသများ ရှင်သန်မှုကို အခြေခံတယ်” ဟု ရှီက နယူးစ်ဆွမ်ကို ပြည်သူ့ခန်းမဆောင်တွင် ပြောလိုက်ပါတယ်။

တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာအကြီးမားဆုံး စီးပွားရေး ၂ ခုဖြစ်ကြောင်း မှတ်ချက်ချပြီး နှစ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံကျော်နှင့် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံကို ကိုယ်စားပြုကာ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံရှိကြောင်း ရှီက ပြောခဲ့ပါတယ်။

“နှစ်ဘက်အကျိုးစီးပွားတွေက အရမ်းကိုဆက်စပ်နေတယ်” ဟု သူကပြောခဲ့ပါတယ်။

နယူးစ်ဆွမ်ကလည်း မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံ၏ အောင်မြင်မှုများ အထူးသဖြင့် စွမ်းအင်သစ်နယ်ပယ်မှ အောင်မြင်မှုများကို ချီးကျူးပြောကြားခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးလောက် အရေးကြီးသည့် နိုင်ငံခြင်းဆက်ဆံရေးမရှိကြောင်း သူကပြောကြားပြီး ထိုဆက်ဆံရေးသည် အမေရိကန်အနာဂတ်နှင့် ပြည်သူများ ပျော်ရွှင်မှုအတွက် အရေးပါကြောင်း သူကဆက်ပြောခဲ့ပါတယ်။

ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် အရေးပါကြောင်း သူပြောပြီး တရုတ်များသည် ကယ်လီဖိုးနီးယား တည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပြီး ကယ်လီဖိုးနီးယားသည် အမေရိကန်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်ရေး ဝင်ပေါက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - CMG