【 နိုင်ငံတကာ 】 တိုင်ဖွန်းမုန်တိုင်း ဆအိုလာ (Saola) ဟောင်ကောင်၊မကာအိုကိုဖြတ်ပြီး ဂွမ်ဒေါင်ကုန်းတွင်းပိုင်း ဝင်ရောက်

【 နိုင်ငံတကာ 】 တိုင်ဖွန်းမုန်တိုင်း ဆအိုလာ (Saola) ဟောင်ကောင်၊မကာအိုကိုဖြတ်ပြီး ဂွမ်ဒေါင်ကုန်းတွင်းပိုင်း ဝင်ရောက်

ဟောင်ကောင်၊ စက်တင်ဘာ - ၂

တိုင်ဖွန်း ဆအိုလာ (Saola) သည် စနေနေ့အစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင် (Guangdong)  ပြည်နယ်  ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး အနီးတစ်ဝိုက် ရှန်ကျန်း၊ ဟောင်ကောင်နှင့် မကာအိုသို့ လေပြင်းတိုက်ခတ်ခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး နေရာအများအပြားတွင် ရေလွှမ်းမိုးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဆအိုလာ (Saola) ချည်းကပ်လာစဉ် အာရှဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်နှင့် တရုတ်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး အိမ်နီးချင်း ဂွမ်ဒေါင်ပြည်နယ်၌ သောကြာနေ့က ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် ငွေကြေးဈေးကွက်များကို ပိတ်ပစ်ခဲ့ရပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ဆအိုလာ (Saola) မှာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းအဖြစ် တောင်ပိုင်းပြည်နယ်ကို တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည် ဆအိုလာသည် ကျူဟိုင်း (Zhuhai) မြို့တွင် လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်းဝန်းကျင်ဖြင့် လျော့ကျကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ကွမ်တုံတွင် ရထားပြေးဆွဲမှုကို နံနက် ၈ နာရီ ၃၀ မိနစ်မှ တဖြည်းဖြည်း ပြန်လည်စတင်ခွင့်ပြုခဲ့ကြောင်း မီးရထားအော်ပရေတာမှ ပြောကြားခဲ့ပါတယ်။မုန်တိုင်း ဆအိုလာ အားပျော့နေသော်လည်း ထိုင်ဝမ်၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ ရွေ့လျှားနေသဖြင့် ယင်းဒေသတွင် မုန်တိုင်းအရှိန် ဆက်လက်သက်ရောက်နေကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

လေယာဉ်ခရီးစဉ် ၄၆၀ ခန့်ကို ဖျက်သိမ်းပြီးနောက် ဟောင်ကောင်လေဆိပ်တွင် လူ ၃၀၀ ကျော် သောင်တင်နေခဲ့ကြောင်း  လေဆိပ်အာဏာပိုင်က ပြောကြားခဲ့ပါတယ်။

Linko
Ref - Brisbanetimes