【 နိုင်ငံတကာ 】 တူရကီသမ္မတ အာဒိုဂန် ရုရှားသို့သွားကာ ပူတင်နှင့် တွေ့ဆုံမည်

【 နိုင်ငံတကာ 】 တူရကီသမ္မတ အာဒိုဂန် ရုရှားသို့သွားကာ ပူတင်နှင့် တွေ့ဆုံမည်

အန်ကာရာ၊ စက်တင်ဘာ - ၄

တူရကီသမ္မတ ရီဆစ် တာယစ် အာဒိုဂန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့  ရုရှားကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဆိုချီမြို့ကို တနင်္လာနေ့က ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

အာဒိုဂန်ရဲ့ တစ်ရက်တာ အလုပ်သဘောခရီးစဉ်မှာ လက်ရှိ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအပြင် တူရကီနှင့် ရုရှား ဆက်ဆံရေးကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေလျှော့ပေးခဲ့တဲ့ မနှစ်က သမိုင်းဝင် ပင်လယ်နက်သီးနှံသဘောတူညီချက်ကို ပြန်လည်အသက်သွင်းမယ့် ခေါင်းဆောင်တွေကြား အစီအစဉ်လည်းပါဝင်ပြီး အဲဒီဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှာလည်းဖြစ်ပါတယ်။

တူရကီနှင့် ကုလ ကြားဝင်ဆောင်ရွက်တဲ့ ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက်ကနေ  ရုရှားပါဝင်မှုကို ဆိုင်းငံ့ထားပြီးနောက် အန်ကာရာဟာ ၎င်းသဘောတူညီချက် ပြန်လည်စတင်ရန်အတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ရုရှား၏ သီးနှံတင်ပို့မှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများက ၎င်း၏ကတိကဝတ်များကို မလိုက်နာကြောင်း ယူကရိန်းသီးနှံအလုံအလောက်မရှိသည့်အတွက် လိုအပ်သော နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း မော်စကိုက စောဒကတက်ခဲ့ပါတယ်။

ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အာမခံအပေါ် ကန့်သတ်ချက်များသည် ၎င်း၏ တင်ပို့ရောင်းချမှုအတွက် အဟန့်အတားဖြစ်စေသည်ဟု ရုရှားက ဆိုပါတယ်။

ကိုယ်ပိုင်သီးနှံနှင့် ဓာတ်မြေသြဇာတင်ပို့မှုအတွက် ရုရှား၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း တူရကီကပြောခဲ့ပြီး ယင်းပဏာမခြေလှမ်းအတွက် အခြားရွေးချယ်စရာမရှိကြောင်း ဆိုသည်။

အန်ကာရာသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ သဘောတူညီချက်ကို ပြန်လည်ထူထောင်ရန်အတွက် သံတမန်ရေးအရ အပြင်းအထန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးပွဲများမှတစ်ဆင့် စစ်ပွဲကိုအဆုံးသတ်ရန် ကိယက်ဗ်နှင့် မော်စကိုတို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အာဒိုဂန်သည် အစ္စတန်ဘူလ်တွင် ဇူလိုင်လက ယူကရိန်းသမ္မတ ဗလိုဒိုမာ ဇီလင်စကီးနှင့်လည်း တွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။

Linko
Ref - Anadolu Agency