【 နိုင်ငံတကာ 】 တဲလ်အဗစ်တွင်ဖြစ်သည့် အီရီထရီးယားပဋိပက္ခအတွင်း လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ

【 နိုင်ငံတကာ 】 တဲလ်အဗစ်တွင်ဖြစ်သည့် အီရီထရီးယားပဋိပက္ခအတွင်း လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ

တဲလ်အဗစ်၊ စက်တင်ဘာ - ၃ 
 
တဲလ်အဗစ်မြို့မှာ ကျင်းပတဲ့ အီရီထရီးယားနေ့ပွဲအတွင်း အီရီထရီးယားသမ္မတ အီဆတ်ခ်အဖာဝါကီနဲ့ ဆန့်ကျင်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာမှာ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
 
အစ္စရေးရဲတပ်ဖွဲ့သည် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို ဖြိုခွင်းရန် မီးခိုးဗုံးများပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူအချို့က ရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ အမှိုက်ပုံးများကို မီးရှို့ခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်များက ပြောကြားခဲ့ပါတယ်။
 
ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုဖိုင်တွင် အီရီထရီးယား
အစိုးရကို ထောက်ခံသူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို တုတ်ဖြင့်ရိုက်နှက်နေသည်ကို တွေ့ရပါတယ်။ရဲအရာရှိ ၃၀ ခန့်အပါအဝင် လူပေါင်း ၁၁၄ ဦးထက်မနည်း ဒဏ်ရာများအတွက် ဆေးကုသမှု ခံယူခဲ့ရကြောင်း အစ္စရေးဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
 
၁၉၆၁ ခုနှစ် အီသီယိုးပီးယားနိုင်ငံမှ လွတ်လပ်ရေးတိုက်ပွဲစတင်သည့် အထိမ်းအမှတ် စက်တင်ဘာ ၁ ရက်နေ့တွင် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အီရီထရီးယားသံရုံးမှ စီစဉ်ကျင်းပသည့် အခမ်းအနားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
အီဆတ်ခ်သည် ၁၉၉၃ ခုနှစ်တွင် အီရီထရီးယား လွတ်လပ်ရေးရရှိပြီးကတည်းက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။၎င်း၏အစိုးရအား လူ့အခွင့်အရေးအဖွဲ့များက ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်ခဲ့ကြောင်း ရှုတ်ချခဲ့ပြီး နိုင်ငံသည် ချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် EU တို့၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ရှိနေပါတယ်။ 
 
ရိုက်တာသတင်းထောက်များသည် ဦးခေါင်းဒဏ်ရာများနှင့် လက်များ သွေးထွက်သံယိုရှိသော အမျိုးသားများကို ကလေးငယ်များ၏ ကစားကွင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသူများ တွေ့ခဲ့ရပါတယ်။ရဲတပ်ဖွဲ့က လမ်းမများပေါ်တွင် ချီတက်ဆန္ဒပြသူများကို မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ပါတယ်။
 
ဒုက္ခသည်များကို ကူညီပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Assaf ၏ ပြောကြားချက်အရ အီရီထရီးယား ခိုလှုံခွင့်ရှာဖွေသူ ၂၅,၅၀၀ ခန့်သည် လက်ရှိတွင် အစ္စရေးတွင် နေထိုင်လျက်ရှိပါတယ်။
 
Linko
Ref - Middleeastmonitor