【 နိုင်ငံတကာ 】 ထရမ့်နှင့် မဟာမိတ်များ ဒီမိုကရေစီကို ခြိမ်းခြောက်နေဟု ဘိုင်ဒင်ပြော

【 နိုင်ငံတကာ 】 ထရမ့်နှင့် မဟာမိတ်များ ဒီမိုကရေစီကို ခြိမ်းခြောက်နေဟု ဘိုင်ဒင်ပြော

ဝါရှင်တန်၊ စက်တင်ဘာ - ၃၀

ဒေါ်နယ်ထရမ့်နှင့် မဟာမိတ်များသည် အမေရိကန် ဒီမိုကရေစီအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့တွင် သတိပေးလိုက်ပြီး ထရမ့်သည် နိုင်ငံ၏ အဓိကတန်ဖိုးများထက် ပုဂ္ဂလိကအာဏာကိုသာ စိတ်ဝင်စားပြီး ရီပတ်ဗလစ်ကန်များသည် ကြံရာပါများဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ထရမ့်ကို အပြင်းအထန်ဝေဖန်သည့် ကွယ်လွန်သူ သူ၏မိတ်ဆွေ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်ဟောင်း ဂျွန်မက်ကိန်းကို ဂုဏ်ပြုသော စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် ဘိုင်ဒင်က ထရမ့်၏ အမေရိကကြီးကျယ်ခန်းနားအောင် တဖန်ပြန်လည်လုပ်ဆောင်ရေးသည် နိုင်ငံ၏ နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောသည်။

“သူက လွန်ခဲ့တဲ့ သမ္မတသက်တမ်းလယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကို အသာစီးရပြီးတဲ့အခါ လာမယ့် ရွေးကောက်ပွဲမတိုင်မီ သူ့အတွေးအခေါ်ကို ပြန်လည်အသက်သွင်းနေပြီး အမေရိကအတွက် အန္တရာယ်ကိုဖြစ်စေမယ့် တစ်စုံတစ်ခုကို ပြသနေတာ” ဟု ပြောခဲ့ပါတယ်။

“ရိုင်ဖယ်သေနတ်ပြောင်းမှ ဒီမိုကရေစီတွေ မသေဆုံးသင့်ဘူးဆိုတာ  ကျနော်တို့အားလုံး သတိရသင့်ပါတယ်။ပြည်သူတွေ နှုတ်ဆိတ်နေတဲ့အခါ၊ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုတွေကို မရင်ဆိုင်တဲ့အခါ ပြည်သူတွေက သူတို့အတွက် တန်ဖိုးအရှိဆုံးအရာဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပြီး စွန့်လွှတ်တဲ့အခါ  ဒီမိုကရေစီတွေ သေဆုံးမယ်” ဟု သူကပြောပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲသည် တစ်နှစ်ကျော်လိုသေးသော်လည်း ဘိုင်ဒင်၏ ပြောကြားချက်က ထရမ့်သည် အမှုများရင်ဆိုင်နေရသော်လည်း ထိပ်တန်းသမ္မတလောင်းဖြစ်သည်ကို ထင်ဟပ်နေပါတယ်။

Linko
Ref - The Week