【 နိုင်ငံတကာ 】 ထောက်လှမ်းရေး ဂြိုဟ်တု ထပ်လွှတ်တင်မည့် မြောက်ကိုရီးယား ဒုံးပျံ ပင်လယ်ထဲ ပျက်ကျ

【 နိုင်ငံတကာ 】 ထောက်လှမ်းရေး ဂြိုဟ်တု ထပ်လွှတ်တင်မည့် မြောက်ကိုရီးယား ဒုံးပျံ ပင်လယ်ထဲ ပျက်ကျ

ဆိုးလ်၊ သြဂုတ် - ၂၄

မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ရန် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုမှာ မအောင်မြင်မှုဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

သီတင်းပတ်အတော်ကြာခဲ့သည့် လွှတ်တင်ရန်အတွက် ဖွင့်လှစ်သည့် ပထမနေ့အဖြစ် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ဂြိုဟ်တုသယ်ဆောင်သည့် ဒုံးပျံရဲ့ တတိယအဆင့် ပြဿနာကြောင့် မအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။

ထို့အတွက် အောက်တိုဘာလတွင် ထပ်မံကြိုးစားမည်ဟု ဆိုပါတယ်။    

“ဒုံးပျံရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့် ပျံသန်းမှုတွေဟာ ပုံမှန်ဖြစ်ပေမယ့် တတိယအဆင့် ပျံသန်းစဉ်အတွင်း အရေးပေါ်ပေါက်ကွဲမှုစနစ်မှာ အမှားအယွင်းရှိခဲ့တာကြောင့် လွှတ်တင်မှု မအောင်မြင်ခဲ့” ဘူးလို့ အစိုးရပိုင် KCNA က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒေသစံတော်ချိန် နံနက် ၃:၅၀ နာရီ (ဗုဒ္ဓဟူးနေ့ ၁၈:၅၀ GMT) တွင် Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး အဆိုပါဒုံးပျံသည် ပင်လယ်ဝါကိုဖြတ်ကာ နိုင်ငံတကာလေပိုင်နက်ထဲ ဖြတ်ကျော်သွားကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

၁၀ မိနစ်ခန့်အကြာတွင် ဂျပန်နိုင်ငံ၏ တောင်ဘက်အကျဆုံး အိုကီနာဝါစီရင်စုတွင် နေထိုင်သူများကို အိမ်တွင်း၌ အကာအကွယ်အောက်နေရန် အရေးပေါ်သတိပေးချက်များ ရရှိခဲ့ပါတယ်။မိနစ် ၂၀ ခန့်အကြာတွင် အရေးပေါ်သတိပေးချက်ကို ရုပ်သိမ်းခဲ့ပါတယ်။

အချို့သော အပျက်အစီးများသည် ဖိလစ်ပိုင်အနီး ပစိဖိတ်ဒေသတွင် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဂျပန်ရုပ်သံ NHK က ဆိုပါတယ်။

သူလျှိုဂြိုလ်တုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဦးစားပေးအစီအစဉ်တစ်ခုဖြစ်ပြီး နိုင်ငံ၏စစ်တပ်ကို ခေတ်မီစေရန်နှင့် နောက်ဆုံးပေါ်လက်နက်များ တီထွင်ထုတ်လုပ်ရန်ဖြစ်ပါတယ်။

Linko
Ref - Aljazeera