【 နိုင်ငံတကာ 】 ဒိုမီနီကန် ဝန်ကြီးချုပ်သည် တရုတ်ခရီးစဉ်အတွင်း China Media Group မှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြား

【 နိုင်ငံတကာ 】 ဒိုမီနီကန် ဝန်ကြီးချုပ်သည် တရုတ်ခရီးစဉ်အတွင်း China Media Group မှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြား

ပေကျင်း၊ ဧပြီ - ၆

မကြာမီက ဒိုမီနီကန်ဝန်ကြီးချုပ် စကေရစ်ထ်သည် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း China Media Group မှ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါတယ်။

တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နိုင်ငံသို့ ၁၂ ကြိမ်တိုင်တိုင် ခရီးလှည့်လည်ခဲ့သည့် ဒိုမီနီကန် ဝန်ကြီးချုပ် စကေရစ်ထ်သည် “ထူးချွန်” ဟူသော ဝေါဟာရဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သရုပ်ဖော်ပြခဲ့ပါတယ်။

သူသည် တရုတ်နိုင်ငံအား “စစ်မှန်သော မိတ်ဆွေ” ဟု ခေါ်ဝေါ်ပြီး တရုတ်နိုင်ငံ၏ တန်းတူရည်တူ သဘောထား ဆက်ဆံခြင်းကို စွဲစွဲမြဲမြဲ မှတ်ထားသည်ဟု ဆိုခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲ ကျွန်းငယ်နိုင်ငံဖြစ်သည့် ဒိုမီနီကန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါတယ်။ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အကျိုးပြုစွမ်းဆောင်မှုများကို စကေရစ်ထ်က ချီးကျူးပြီး ကမ္ဘာ့နိုင်ငံ အသီးသီးအား ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရန် လက်တွေ့ကျဆောင်ရွက်ရန် ပန်ကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ အဆိုပြုချက်များသည် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးခြင်းကိုလည်း စကေရစ်ထ်က ချီးကျူး ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။