【 နိုင်ငံတကာ 】 ဒုံးကျည်သုံးပစ္စည်းများ ပါကစ္စတန်သို့ ပေးပို့သဖြင့် တရုတ်အခြေစိုက်ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ

【 နိုင်ငံတကာ 】 ဒုံးကျည်သုံးပစ္စည်းများ ပါကစ္စတန်သို့ ပေးပို့သဖြင့် တရုတ်အခြေစိုက်ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ
ဝါရှင်တန်၊ အောက်တိုဘာ - ၂၂ 
 
ပါကစ္စတန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ဒုံးကျည်သုံးပစ္စည်းများ ထောက်ပံ့ပေးရန် လုပ်ဆောင်နေသော တရုတ်အခြေစိုက် ကုမ္ပဏီ ၃ ခုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း သိရပါတယ်။ 
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပိတ်ဆို့အရေးယူခံရသော  တရုတ်အခြေစိုက်ကုမ္ပဏီ ၃ ခုမှာ General Technology Limited, Beijing Luo Luo Technology Development Co Ltd, နှင့် Changzhou Utek Composite Company Ltd. တို့ဖြစ်ပါတယ်။ 
 
General Technology သည် ပဲ့ထိန်းဒုံးကျည် ဒုံးကျည်အင်ဂျင်များနှင့် လောင်ကျွမ်းခန်းများ ထုတ်လုပ်မှုတွင်ပါဝင်သည့် အစိတ်အပိုင်းများ ချိတ်ဆက်ရာတွင် အသုံးပြုသော ကြေးခွံပစ္စည်းများကို ထောက်ပံ့ပေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ Beijing Luo Luo သည် အစိုင်အခဲ-ပန်ကာ ဒုံးပျံမော်တာများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပွတ်လုံးစက်မဏ္ဍိုင်နှင့် အခြားသော စက်ယန္တရားများကို ထောက်ပံ့ပေးရန် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်မှ ပြောကြားခဲ့ပါတယ်။ 
 
တတိယကုမ္ပဏီ Changzhou Utek Composite သည် D-glass fiber၊ quartz fabric နှင့် high silica cloth တို့ကို ထောက်ပံ့ရန်အတွက် ၂၀၁၉ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အားလုံးသည် ဒုံးခွင်းဒုံးစနစ်များတွင် အသုံးချနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
“ယနေ့လုပ်ရပ်က အမေရိကန်ပြည်ထောင်စုအနေနဲ့ အစုလိုက်အပြုံလိုက် အပျက်အစီးလက်နက်တွေ ပြန့်ပွားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ၎င်းတို့၏ ပေးပို့မှုနည်းလမ်းများနှင့် ဆက်စပ်ဝယ်ယူရေး လုပ်ငန်းများကို ဘယ်နေရာပဲရောက်ရောက် အလေးထား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သက်သေပြနေပါတယ်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 
 
ယခုထုတ်ပြန်မှုအပေါ် ဝါရှင်တန်ရှိ တရုတ်သံရုံးနှင့် Changzhou Utek Composite တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။
 
အခြားကုမ္ပဏီနှစ်ခုကလည်း  မှတ်ချက်ပေးရန် ချက်ခြင်းဆက်သွယ်၍မရပေ။ 
 
Linko
Ref - ANInews