【 နိုင်ငံတကာ 】 ဒေသကို ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုချက်ဖြစ်အောင်လုပ်မည်ဟု အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ ခေါင်းဆောင်များ ကတိပြု

【 နိုင်ငံတကာ 】 ဒေသကို ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုချက်ဖြစ်အောင်လုပ်မည်ဟု အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ ခေါင်းဆောင်များ ကတိပြု

ဂျကာတာ၊ စက်တင်ဘာ - ၈

အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ခေါင်းဆောင်များက သေနင်္ဂဗျူဟာကျသော ထိုဒေသသည် ယှဉ်ပြိုင်မှုရှိ၊ အားလုံးအကျုံးဝင်၊ ရှေ့သို့ချီပြီး ခံနိုင်ရည်ရှိကာ အနာဂတ် ဒေသတွင်းနှင့် ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီး ထိုဒေသကို ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုချက်ဖြစ်အောင် လုပ်ဆောင်ရန် ကြာသပတေးနေ့တွင် ကတိပြုခဲ့ပါတယ်။

ဂျကာတာတွင် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တက်ရောက်သည့် ၁၈ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ရေးနှင့် ၎င်းတို့အကြား လက်ရှိချစ်ကြည်ရေး တောင့်တင်းရေးအတွက် ငြိမ်းချမ်းသောပတ်ဝန်းကျင် ဖန်တီးရန် ကတိပြုခဲ့ပါတယ်။

စာမျက်နှာ ၇ မျက်နှာရှိသော ထိုကြေညာချက်ကို ဒေသကို တိုးတက်မှုဗဟိုချက်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေးဟု အမည်ပေးထားပြီး အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် ဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှု ထိန်းသိမ်း၊ မြှင့်တင်၊ ရေရှည်တည်တံ့ရေး ဘုံအကျိုးစီးပွားကို ထပ်မံအတည်ပြုခဲ့ပါတယ်။

နည်းပညာတိုးတက်လာခြင်းနှင့် စတုတ္ထစက်မှုတော်လှန်ရေးအပါအဝင် အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာနှင့် ဒေသတွင်း ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အခြေအနေများကြောင့်ဖြစ်လာသည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အသိအမှတ်ပြုရန် ခေါင်းဆောင်များက တောင်းဆိုခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို ဆက်လက်မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအကြား တန်းတူညီမျှရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်ပင်ညှိနှိုင်းရေး၊ အပြန်အလှန်လေးစားရေး မူများနှင့်အညီ ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ရေး၊ လက်ရှိချစ်ကြည်ရင်းနှီးမှုများ တောင့်တင်းကြံ့ခိုင်ရေးအတွက် ငြိမ်းချမ်းသောပတ်ဝန်းကျင် ဖန်တီးရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

Linko
Ref - PTI