【 နိုင်ငံတကာ 】 ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပေကျင်းနှင့် ဂျကာတာက လိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

【 နိုင်ငံတကာ 】 ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပေကျင်းနှင့် ဂျကာတာက လိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ဂျကာတာ၊ ဧပြီ - ၁၉
 
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရီတာနိုမာဆူဒီနှင့် ဂျကာတာတွင် တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
 
ဂါဇာကမ်းမြောင်ဒေသရှိ လက်နက်ကိုင်အဖွဲ့အားလုံးကိုလည်း ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးရန် ဝမ်က တောင်းဆိုခဲ့ပြီး ဂါဇာတွင်အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
 
“ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခရောက်နေတာကို ၀န်ကြီးနှစ်ဦးစလုံးက သဘောမကျဘဲ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် မည်သည့်အခြေအနေ သတ်မှတ်ချက်မရှိဘဲ လုပ်ဆောင် ရန်ကို သဘောတူကြောင်း” ဆွေးနွေးပွဲအပြီး ဝမ်က အင်ဒိုနီးရှားဘာသာသို့ ပြန်ဆိုထားသည့် မိန့်ခွန်းတွင် ပြောခဲ့ပါတယ်။
 
မာဆူဒီက နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေမည်ဟု နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပြီး ဂျကာတာသည် စွမ်းအင်အကူးအပြောင်း၊ အခြေခံအဆောက်အအုံနှင့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ သန့်စင်သော စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို နက်ရှိုင်းစွာလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Straitstimes