【 နိုင်ငံတကာ 】 နာဗယ်လ်နီ အထိမ်းအမှတ် ပူတင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး မွန်းတည့်ချိန် ဆန္ဒပြပွဲသို့ ရုရှားထောင်ချီ တက်ရောက်

【 နိုင်ငံတကာ 】 နာဗယ်လ်နီ အထိမ်းအမှတ် ပူတင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး မွန်းတည့်ချိန် ဆန္ဒပြပွဲသို့ ရုရှားထောင်ချီ တက်ရောက်

မော်စကို၊ မတ် - ၁၈

ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြန်လည်ရွေးကောက်ခံရခြင်းကို ငြိမ်းချမ်းစွာ နိုင်ငံရေးအရ ဆန့်ကျင်သည့် ဆန္ဒပြပွဲဖြစ်သည်ဟု ကရင်မလင်ဆန့်ကျင်သူများပြောသည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ရုရှားတစ်နိုင်ငံလုံးမှ မဲရုံများတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ပူတင်ကို ဆန့်ကျင်သည့် မွန်းတည့်ချိန် လှုပ်ရှားမှုတွင် ရုရှားနိုင်ငံသားများသည် မွန်းတည့်ချိန်တွင် မဲရုံများသို့ သွားရောက်ပြီး ၎င်းတို့၏ မဲလက်မှတ်များ ပျက်စီးအောင် (သို့မဟုတ်) ပူတင်နှင့် ပြိုင်သည့် အခြားကိုယ်စားလှယ် ၃ ဦးကို မဲပေးရန် လုပ်ဆောင်ခဲ့ပါတယ်။ပူတင်သည် ယခုရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်မည်ဟု မျှော်လင့်ရပါတယ်။

အချို့သူများက အာတိတ်အကျဉ်းထောင်တွင် လွန်ခဲ့သောလက သေဆုံးသည် အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီ၏ အမည်ကို ၎င်းတို့၏ မဲပြားများတွင် ရေးသားကြပါတယ်။

နာဗယ်လ်နီ၏ မဟာမိတ်များက ရုရှားတစ်နိုင်ငံလုံးမှ မဲရုံများတွင် မွန်းတည့်ချိန်တွင် တန်းစီနေသည့် လူတန်းများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို ထုတ်လွှင့်ကြပြီး ထိုသူများသည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများဖြစ်သည်ဟု ပြောခဲ့ပါတယ်။

နာဗယ်လ်နီသည် မသေဆုံးမီတွင် သူ၏ရှေ့နေမှတစ်ဆင့် ပူတင်ကို ဆန့်ကျင်သည့် မွန်းတည့်ချိန်ဆိုသည့် သတင်းစကားကို လူမှုကွန်ရက်တွင် တင်ခဲ့ပါတယ်။

လွတ်လပ်သော နိုဗာရာဂေဇက်တာသတင်းစာက ထိုဆန္ဒပြပွဲသည် နာဗယ်လ်နီ၏ နိုင်ငံရေးသက်သေခံချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters