【 နိုင်ငံတကာ 】 နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်တွင်းသို့ မစွန့်ပစ်ရန် ဂျပန်ကို တရုတ်တိုက်တွန်း

【 နိုင်ငံတကာ 】 နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်တွင်းသို့ မစွန့်ပစ်ရန် ဂျပန်ကို တရုတ်တိုက်တွန်း

နယူးယောက်၊ ဩဂုတ် - ၂၇
 
သြဂုတ်လ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ စုံညီအစည်းအဝေး ကျင်းပခဲ့ရာ ကုလသမဂ္ဂနှင့် ပိစိဖိတ်ကျွန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။ 
 
ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ကုလမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဂန်ရှောင်က ဂျပန်နိုင်ငံသည် နျူလလီးယား ညစ်ညမ်းရေများကို ပင်လယ်တွင်းသို့ စွန့်ပစ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ပြီ အများပြည်သူအကျိုးစီးပွားကို လျစ်လျှူရှုကာ ကမ္ဘာကို နျူကလီးယားညစ်ညမ်းမှု ဖြန့်ချိပြီး အလွန်အတ္တကြီးကြောင်း ပြောကြားလိုက်ပါတယ်။
 
သမုဒ္ဒရာသည် လူသားအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ဂန်ရှောင်က ပြောပါတယ်။  
 
လွန်ခဲ့သော ၁၂ နှစ်က ဂျပန်မှ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ပြင်းထန်သော မတော်တဆမှုဖြစ်ခဲ့ကြောင်း၊ ရေဒီယိုသတ္တိကြွပစ္စည်းအများအပြားကို ပင်လယ်တွင်းသို့ ကျဆင်းစေကာ ကြီးမားသော ကပ်ဒုက္ခရောက်ခဲ့ကြောင်း သူကပြောပါတယ်။နောင် ၁၂ နှစ်ကြာသောအခါ နိုင်ငံတကာအသိုက်အဝန်း၏ သံသယနှင့် ဆန့်ကျင်မှုများကို ဂရုမစိုက်ဘဲ ဂျပန်အစိုးရသည် နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်တွင်းသို့ စွန်ပစ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ကမ္ဘာ့ပြည်သူများကို ဒုတိယအဆင့် ဒုက္ခရောက်စေကြောင်း သူက ပြောခဲ့ပါတယ်။
 
ထိုသို့လုပ်ဆောင်ခြင်းသည် နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများဖြစ်စေပြီး ဂျပန်နိုင်ငံ၏ ပြည်တွင်းရေးသက်သက် မဟုတ်ကြောင်းပြောပါတယ်။သို့သော် ဂျပန်အစိုးရသည် တန်ချိန်သန်းပေါင်းများစွာသော နျူကလီးယားညစ်ညမ်းရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့စွန့်ပစ်မည်ဖြစ်ကြောင်း သူကပြောပါတယ်။ထိုကိစ္စသည် သဘာဝပတ်ဝန်းကျင်၊ လူသားကျန်းမာရေး စသည်တို့ကို အကြီးအကျယ် အန္တရာယ်ကျရောက်စေပြီး ဂျပန်အစိုးရအနေဖြင့် သက်ဆိုင်သူအားလုံး၏ စိုးရိမ်ပူပန်မှုများကို သင်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် တာဝန်မဲ့ရေစွန့်ပစ်မှုများကို တာဝန်သိသိကိုင်တွယ်ရန် တိုက်တွန်းကြောင်း သူကပြောပါတယ်။
 
ဂန်က တရုတ်နိုင်ငံသည် အမှားကျူးလွန်မှုရပ်ဆိုင်းရန်၊ ပင်လယ်တွင်စွန့်ပစ်မှု ချက်ခြင်းရပ်ရန်၊ အိမ်နီးချင်းနိုင်ငံများဖြင့် သဘောရိုး စေတနာကောင်းဖြင့် ဆက်သွယ်ရန်၊ နျူးကလီးယား ညစ်ညမ်းရေများကို တာဝန်ရှိရှိ စွန့်ပစ်ရန်နှင့် နိုင်ငံတကာကြီးကြပ်မှုကို လက်ခံရန် ဂျပန်ကို အပြင်းအထန်တိုက်တွန်းခဲပါတယ်။
 
Linko
Ref - CMG