【 နိုင်ငံတကာ 】 နှလုံးရောဂါဖြင့် တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန် ရုတ်တရက်ကွယ်လွန်

【 နိုင်ငံတကာ 】 နှလုံးရောဂါဖြင့် တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန် ရုတ်တရက်ကွယ်လွန်

ပေကျင်း၊ အောက်တိုဘာ - ၂၇

လီသည် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အားပေးခဲ့သည့် လီသည် မကြာသေးမီက ရှန်ဟိုင်းတွင် အနားယူနေပြီး ကြာသပတေးနေ့တွင် နှလုံးရောဂါခံစားရကာ သောကြာနေ့ နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ကွယ်လွန်ကြောင်း CCTV က ဖော်ပြခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာစကားပြောသည့် စီးပွားရေးပညာရှင် လီသည် အလွတ်သဘော အငြိမ်းစားယူရမည့် အသက်ဖြစ်သည့် ၇၀ နှစ်ပြည့်ရန် ၂ နှစ် လိုသေးသော်လည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလပါတီကွန်ဂရက်တစ်ခုတွင် အမြဲကော်မတီတွင်း ထည့်သွင်းခံရခြင်း မရှိတော့ပေ။

လီကို ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က အန်ဟွေးပြည်နယ်တွင် မွေးဖွားပြီး ၁၉၇၆ ခုနှစ်ရောက်အခါ သူသည် ထိုပြည်နယ် ကွန်မြူနစ်တွင် အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။

လီသည် ပီကင်းတက္ကသိုလ်တွင် ဥပဒေပညာလေ့လာရင်း ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ချုပ်၏ တက္ကသိုလ်နယ်မြေ အတွင်းရေးမှူးဖြစ်သည်။ထိုလူငယ်အဖွဲ့ချုပ်သည် ပါတီခေါင်းဆောင်ဟောင်းများဖြစ်သည့် ဟူကျင်တောင်းနှင့် ဟူယောဘန်းတို့ နိုင်ငံရေးဘဝ စတင်ခဲ့သည့် အဖွဲ့ချုပ်ဖြစ်ပါတယ်။

ပါတီတာဝန်အဆင့်အဆင့် ထမ်းဆောင်ပြီး လီသည် ၁၉၉၄ ခုနှစ်တွင် ပီကင်းတက္ကသိုလ်မှ စီးပွားရေးပါရဂူဘွဲ့ ရခဲ့ပါတယ်။

Linko
Ref - France24